A Tale Of Thousand stars Chapter - 1(C)

258 11 0
                                    

(Unicode Version)

Chapter - 1(C)
အပိုင်း (၃)

လှပသည့် ဘန်ကောက်မြို့၏ နေဝင်ဆည်းဆာ ကွယ်ပျောက်တော့မည့်နေအလင်းရောင် မိန်မိန်က ဘန်ကောက်မြို့ကို ဖုန်းလွှမ်းထားဆဲ။ တဖြည်းဖြည်းနဲ့ အချိန်ကျော်လာရာ ညအချိန်သို့ ရောက်လာခဲ့လေသည်။

နာမည်ကြီးဟော်တယ်တစ်ခု၌ အောင်မြင်ကြော်ကြားနေသည့် လုပ်ငန်းရှင်များ၏ ညစာစားပွဲပါတီသို့ ထီရန်က သူ၏အဖေ အမေတို့နှင့်အတူ အနောက်တိုင်းဝတ်စုံ နက်ကတိုင် အနက်ရောင်ဝတ်စုံနှင့် တက်ရောက်လာလေသည်။

ထီရန်တစ်ယောက် အလွန်ကြည့်ကောင်းနေလေသည်။ သူ၏ပုံစံက ဆံပင်လေးကို ခပ်ဖွဖွနှင့် ရှေ့ခွဲပုံစံလေးနှင့် ချစ်စရာကောင်းလှပေသည်။ သူ့အမေ သားကို ချစ်ပုံများကတော့

" အမေ အရမ်းပျော်တာပဲ သားက အဖေတို့ အမေတို့နဲ့ အတူလိုက်ပေးလို့ အမေတော့ သားလေးကို ကြွားဖို့ မစောင့်နိုင်တော့ဘူး ''

" ကျွန်တော် ဒီလိုမျိုးတွေ မကြိုက်ဘူးလေ အမေ ''

ထီရန် ထိုသို့ပြောပြီး သူ၏အဖေကတော့ လက်မှာပတ်ထားသည့် နာရီကိုသာ ကြည့်၍ တစ်ခုခုကို မျှော်နေလေသည်။ ပြီးတော့ သူ၏အဖေက သားကို ဆုံးမပုံများ

" သား ကြိုက်တာ မကြိုက်တာတွေ
ရွေးချယ်လို့မရဘူး ''

ဟု ပြောလိုက်တော့ ထီရန် သူ၏အဖေကို နည်းနည်းအလိုမကျဖြစ်ကာ ထီရန်ပြောပုံများ

" ဒါဆို အမေနဲ့အဖေ အရင်သွားနှင့်ပါကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ် ''

ဟူ၍ သူ၏အမေပုခုံးကို ထီရန်ကိုင်ကာ ပြောပြီး ထီရန်၏အဖေနှင့်အမေက သူ၏သားကိုလွှတ်ပေးလိုက်လေသည်။

" ဝင်ကြမယ် ''

" ဟုတ်ကဲ့ ''

ထီရန်၏ အဖေနှင့်အမေ က ထိုသို့ပြောပြီး အတူတူဝင်သွားကြလေတော့သည်။

ထီရန် သန့်စင်ခန်းဘက်ကို သွားသည့်လမ်းတွင် ခြေလှမ်းကို ယုံကြည်မှုအပြည့်နှင့်လျှောက်လာပေသည်။ သူ၏ အရှေ့တည့်တည့်ဟု ထင်ရသည့် ခပ်လှမ်းလှမ်းအနေအထားကနေ လျှောက်လှမ်းလာသည့်သူက ထော့ဖန်နှင့်ပတ်သက်နေသည့် ခေါင်းဆောင်ဖူဖာ ဖြစ်လေသည်။

A Tale Of Thousand stars Where stories live. Discover now