A Tale Of Thousand stars Chapter - 2(B)

210 8 1
                                    

(Unicode Version)

Chapter - 2(B)
အပိုင်း (၅)

" ဒါဆိုရင် ခေါင်းဆောင်က လုပ်အားပေးစာသင်ပေးတဲ့သူတိုင်းကို ဒီခေါ်လာတယ်ပေါ့ ''

" မဟုတ်ဘူး ပြဿနာဖြစ်စေတတ်တဲ့သူ တစ်ချို့လောက်ကိုပါပဲ သူတို့ ရေနစ်ရင် ငါ ဒုက္ခမရောက်ချင်လို့လေ ''

မှန်၏။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို တမင်တကာ ရွဲ့ပြောလိုက်လေသည်။ ဆရာလေးထီရန်လည်း သူ့ကို စောင်းပြောတာသိသမို့ ဘာမှပြန်မပွမ်ဘဲ ရေသာဆက်ချိုးနေလေသည်။

ခေါင်းဆောင်ဖူဖာက သူ၏အိတ်ထဲမှ အဖျော်ရည်ကိုယူကာ ဆရာလေးထီရန်အား ကျောပေး၍

" ချိုးပြီးရင်လည်း မြန်မြန်တက်ခဲ့ ငါ မင့်အတွက်ပဲ အချိန်မပေးနိုင်ဘူးနော် ''

" .... ''

" ထီရန် ''

ဆရာလေးထီရန်၏အသံမကြားရသမို့ အသံကို ခပ်ပြင်းပြင်း ပြောကာ ရေချိုးသည့် ရေတံခွန်ဘက်လှည့်တော့ ဆရာလေးထီရန် ရေထဲမှာ မမြင်ရသည်ကို သိလေတော့သည်။

" ထီရန် ဟိုးမ်း ထီရန် ''

ဆရာလေးထီရန် ရေနစ်ပြီဆိုပြီး ခေါင်းဆောင်ဖူဖာ အပေါ်ရုံကို ချွတ်ကာ ရေထဲဆင်းပြီး ရေငုတ်ကာ ဆရာလေးထီရန်ကို လိုက်ရှာလေတော့သည်။

" ထီရန် ထီရန် ကြားရလား ထီရန် ဟွန်းမ်း ''

" ဘာလဲ ခေါင်းဆောင် ''

ခေါင်းဆောင်ဖူဖာ အသည်းအသန်ရေငုတ်၍ စိတ်ပူကာ အော်နေရာမှ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ အနောက်မှ အလန့်တကြားလုပ်လိုက်သမို့ ခေါင်းဆောင်ဖူဖာ လန့်သွားလေသည်။

" ကျွန်တော့်ကို ခေါ်နေတာလား ''

" မင်းကတော့ ''

" ဘာလို့လဲ မင့်ကို စိတ်ပူအောင် လုပ်တာမဟုတ်ပါဘူး အပြောတမ်းရေငုပ် ကြည့်တာပါ ရေက
အေးတယ်မို့လား ''

ဆရာလေးထီရန်က အဲသလို ပြုံးစိစိနှင့် ခေါင်းဆောင်ဖူဖာအား ပြောသမို့ ခေါင်းဆောင်ဖူဖာ မျက်နှာက တင်းပြီး ရေထဲမှ ကုန်းပေါ်သို့ ပြန်တက်လာသည်။ ဆရာလေးထီရန်ကလည်း ခဏက ခေါင်းဆောင်ဖူဖာ အနိုင်ယူထားသမို့ ပြန်ကလဲ့စားချေလိုက်ခြင်း ဖြစ်လေသည်။

A Tale Of Thousand stars On viuen les histories. Descobreix ara