A Tale Of Thousand stars Chapter - 9(C)

171 4 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
               1000 stars

Chapter - 9(C)
အပိုင်း (၂၇)

" ခေါင်းဆောင် နှစ်သစ်ကိစ္စက ဘာကို
ဆိုလိုတာလဲ ''

" နားလည်ဖို့ ခက်နေလို့လား ''

ဒီလိုနဲ့ နှစ်ဦးသား စကားကို ခပ်တင်းတင်းဖြင့် နားလည်မှုလွှဲကာ မာနတရားတွေဖြင့်

" မင်းနေရာမှာ အစားထိုးဖို့ တစ်ခြားဆရာ
တစ်ယောက် ရှိလာမှာ ''

" အဲဒီလောက်ထိ လုပ်မှ ဖြစ်မှာလား ''

" ငါ ဘာလုပ်ခဲ့လို့လဲ ''

" ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ အဖေက ငွေဘယ်လောက် ပေးခဲ့လဲ ဒါမှမဟုတ် ရာထူးတိုး

အတွက် ကမ်းလှမ်းခဲ့တာလား အဲဒါကြောင့် ဒီလိုလုပ်ခဲ့တာ မဟုတ်လား ''

" ထီရန် မင်းအဖေကို လျော့မတွက်ခဲ့သင့်ဘူး ''

" ခင်ဗျားက ဘာသိလို့လဲ ကျွန်တော့်မိသားစုက ဒါမျိုးတွေ လုပ်နေကျ ဘာမဆိုရဖို့ ငွေကို သုံးကြတယ်

ကျွန်တော့်ဘဝအသစ်အတွက်တောင်မှ အလှည့်ကျဖို့ စောင့်မနေဘဲ ငွေတွေ သုံးခဲ့ကြတာ ''

" ထီရန် မင်း စိတ်ထိန်းဦး ''

ခေါင်းဆောင်ဖူဖာကလည်း ထိုသို့ပြော၍ သက်ပြင်းချကာ ဆရာလေးထီရန်ကလည်း ငိုနေလေတော့သည်။ ဆရာလေးထီရန်က ငိုမဲ့မဒ့လေသံလေး ပြန်ဖြစ်ကာ

" အမှန်အတိုင်း ပြောလိုက်နော် အစ်ကို ကျွန်တော့်ကို ဂရုစိုက်တာက ခေါင်းဆောင်ရဲ့ တာဝန်အရပဲ
မဟုတ်လား ''

အဲသလို ငိုပြီး မေးလိုက်လျှင် ခေါင်းဆောင်ဖူဖာလည်း မျက်ရည်ဝဲ စိတ်မကောင်း ဖြစ်နေလေသည်။

" ဘာမှ မခံစားခဲ့ရဘူး ဟုတ်တယ်မလား ''

ဆရာလေးထီရန်ကလည်း သူထင်သလို ပြောနေပေမယ့် ခေါင်းဆောင်ဖူဖာတော့ ဘာမှပြန်မပြောဘဲ တိတ်တဆိတ်ကလေးသာနေပြီး ဝမ်းနည်းနေလေသည်။

အဲ့နောက်မှ ဆရာလေးထီရန်က ငိုနေသည်ကို ခဏတာရပ်ကာ ခေါင်းဆောင်ဖူဖာကို စေ့စေ့ကြည့်၍

A Tale Of Thousand stars Where stories live. Discover now