A Tale Of Thousand stars Chapter - 8(B)

126 6 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars

Chapter - 8(B)
အပိုင်း (၂၃)

" အဲဒါကို ဒီမှာ ထားခဲ့ သူ့ဆီက နှလုံးကို မင်းယူထားတာနဲ့တင် လုံလောက်နေပါပြီ ''

ဆရာလေးထီရန်လည်း ထော့ဖန်၏ ဒိုင်ယာရီစာအုပ်ကို လက်ပိုက်၍ သူ့ကိုမကြည့်ဘဲပြောနေသည့် ခေါင်းဆောင်ဖူဖာကို ပေးလိုက်လေသည်။

" တကယ်တော့ ဖြစ်နိုင်ရင် ကျွန်တော် သူ့ကို ပြန်ခေါ်လာပေးချင်တယ် ''

ဆရာလေးထီရန်လည်း အဲသလို ပြောပြီး စာအုပ်ကလေးကိုပေးကာ ခေါင်းဆောင်ဖူဖာလည်း စာအုပ်ကလေးကို ယူ၍ ဆရာလေးထီရန်က ထိုနေရာမှ သူ၏ကျောပိုးအိတ်ကို ယူကာ ကျောင်းအိမ်ယာသို့ ပြန်သွားလေတော့သည်။

မှန်၏။ အရင်ချိန်တုန်းက ကျောင်းကြီးမီးလောင်၍ ဆရာလေးထီရန်မှာ စိုးရိမ်စရာတွေရှိသမို့ ကျောင်းအိမ်ယာထက် လုံခြုံတဲ့ ဖာဖီရွန်တပ်စုကို ခေါ်လာခြင်း ဖြစ်လေသည်။

ယခုတော့ ခေါင်းဆောင်ဖူဖာလည်း အရင်တုန်းကနှင့်မတူတော့ဘဲ ဆရာလေးထီရန်ကို တော်တော်ကြီး စိတ်ပျက်မိလေသည်။ အပြောအဆိုတွေကအစ ပြောင်းလဲသွားခဲ့လေတော့သည်။

ဆရာလေးထီရန်လည်း ဖြစ်သမျှ ကိစ္စတွေအားလုံးနှင့်အတူ ထပ်တူဝမ်းနည်းရလေသည်။ ယခုဆို အားလုံးက ဆရာလေးထီရန်ကို စိတ်ပျက် နေကြလေသည်။

ဆရာလေးထီရန်လည်း သူ့ကိုနှလုံးသားပေးခဲ့တဲ့ ထော့ဖန်အတွက် ထော့ဖန်အစပြုခဲ့တဲ့ ဖာပန်းဒေါင်းရွာက ကိစ္စတွေကို အဆုံးသတ်ပေးဖို့ ရောက်လာပြီး ရွာအတွက် ကောင်းကျိုးတွေကို ကြိုးစားခဲ့ပေမယ့် ယခုတော့ အားလုံးရဲ့ အမြင်မကြည်ခြင်းကို ဆရာလေးထီရန် ခံစားရလေသည်။

သို့ပေမယ့်လည်း ရင်ဆိုင်ရပေဦးမည်။ အားတင်းကာ ရှေ့ဆက်ရပေတော့မည်။ ဒီလိုနဲ့ပဲ ဆရာလေးထီရန်က သူ၏ကျောင်းအိမ်ယာကို ပြန်လာရာ ကျောင်းအိမ်ယာကို ရောက်သော် မိုးချုပ်၍ ညအချိန်ကို ရောက်သွားလေတော့သည်။

ဒီလိုနဲ့ ဆရာလေးထီရန်လည်း သူ၏မွေ့ယာပေါ်ထိုင်ချပြီး အားပါးတရ ငိုကာ ရင်ထဲတွင် စူးနင့်အောင် နာကျင်စွာ ဝမ်းနည်းကြေကွဲရလေတော့သည်။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ မခံစားဖူးတဲ့ ဝမ်းနည်းမှုမျိုးကို ခံစားရလေသည်။

A Tale Of Thousand stars Where stories live. Discover now