A Tale Of Thousand stars Chapter - 3(A)

146 3 1
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars

Chapter - 3(A)
အပိုင်း (၇)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကြက်တောင်ရိုက်နေကြသည့် လူငယ်နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကြိုးကြိုးစားစား တစ်ဖက်တစ်ယောက်ဖြင့် ဝမ်းဘိုင်ဝမ်း ရိုက်နေကြလေသည်။

" အေ "

" အွေး ပင်ပန်းနေပြီကွာ ''

မှန်၏။ အဲသလိုပြောလိုက်သည့် ဆံပင်ရှေ့ခွဲနှင့်ကောင်လေး မောပန်း၍ ချွေးတွေမျက်နှာမှာ အပြည့်ဖြစ်နေလေသည်။

" အခုနောက်ပိုင်း အရမ်းမောလွယ်တယ်ကွာ ''

" ငါ့အထင်တော့ မင်းက ပျော့လို့နေမှာ
သူငယ်ချင်း ဝေ့အေး ''

ဟူ၍ ပြောလိုက်သည့်သူက တစ်ဖက်က မောနေသည့် ဆံပင်ရှေ့ခွဲနှင့်ကောင်လေးက ချက်ပြင်းပြင်းရိုက်သမို့ အဲ့လူ မဖမ်းနိုင်ပဲ ဖြစ်သွားလေသည်။

" ဝေး ထီရန် ''

မှန်၏။ မောပန်းသည်ဟု ပြောသည့်သူက ထီရန် ဖြစ်ပြီး မဖမ်းနိုင်ဘဲ လှဲကျသွားသည့်သူက တွန် ဖြစ်လေသည်။

" ထီရန် မင်းမောနေပြီဆို အေ ငါ မင်းကို ပို့ထားတဲ့ ခရီးစဥ် ကိစ္စစဥ် ကြည့်ပြီးပြီလား ''

" အမေရိကန် ကိုလား ''

" အင်း ''

" ကြည့်ပြီးပြီ ငါ မင်းနဲ့အတူ သွားမယ် ''

" တကယ်လား ''

" အေး ''

" ငါ့အဖေက ငါ့ကို အရမ်းဖိအားပေးတာပဲ ငါ့ကို အမေရိကန်မှာ ကျောင်းတက်စေချင်တယ် မင်းလည်း သိတယ်မလား အဲဒီကို စာသွားသင်တဲ့လူတိုင်း အလုပ်လက်မဲ့ ဖြစ်ကုန်တာ ''

" ဟေ့ တွန် ဒီနေရာမှာ စာအ​ကြောင်းက ဘာလို့ ပါလာရတာလဲ အမေရိကန်ကို ခရီးသွားမှာကွ

ငါလုပ်ချင်တဲ့ စာရင်းတစ်ခုထဲက အိပ်မက်ခရီးတစ်ခုပဲ ငါမသေခင် လုပ်မှ ဖြစ်မယ် ''

" သေချာတာပေါ့ ငါ့ကောင် ဒါပေမယ့် ငါနဲ့အတူတူ စာသွားသင်ဖို့ မင်းအမေကို ခွင့်တောင်းဖို့လည်း မမေ့နဲ့ဦး ဟုတ်ပြီလား ''

A Tale Of Thousand stars Where stories live. Discover now