A Tale Of Thousand stars Chapter - 5(C)

124 5 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 5(C)
အပိုင်း (၁၅)

" အိုကေ.... ခေါင်းဆောင် ခုချိန်ကစပြီး ကျွန်တော် ဘယ်နေရာသွားသွား အမြဲတမ်း ခေါင်းဆောင်ကို အကြောင်းကြားပါ့မယ် အိုကေလား ''

" မင်း ဘာဖြစ်နေတာလဲ ''

" ခေါင်းဆောင်က ထူးထူးဆန်းဆန်း တိတ်နေလို့လေ ခေါင်းဆောင် ဆူလိုက်တာကမှ ပိုကောင်းဦးမယ် ''

ဒါဆို တွန်ပြောသည့် စကားမှန်သွားလေသည်။ ဆရာလေးထီရန်က အဲသလို ခေါင်းဆောင်ဖူဖာက သူ့ကို အော်တာကို ကြွေသွား၍ ယခုလို ပြောခြင်း ဖြစ်နေသည် ထင်၏။

ခေါင်းဆောင်ဖူဖာလည်း ထူးထူးဆန်းဆန်း ဆရာလေးထီရန်ကို အပြောတွေချို အချိုတွေကျွေး နေလေသည်။

" ဘယ်သွားခဲ့တာလဲ ''

" သူငယ်ချင်းက ရုတ်တရက် လာတွေ့လို့ ကျွန်တော့်သူငယ်ချင်းနဲ့ လျှောက်လည်နေတာ ''

" နောက်တစ်ခါကျရင်.... ''

ခေါင်းဆောင်ဖူဖာက စကားကို အချိုတွေပြောထွက်ဖို့ ထိန်း၍ပြောနေပေမယ့် အမိန့်ပေးသည့်လေသံ ခပ်တည်တည်နေသည့်လေသံပြန်ဖြစ်လာသမို့ မနေ့ညက ဝီစကီဝိုင်းမှာ ဒေါက်တာနမ် ပြောခဲ့သည့်စကားကို သတိရသွားလေတော့သည်။

" မင်း သူ့ကို ကောင်းကောင်းဆက်ဆံ တင်းနေတဲ့မျက်နှာကျောကိုလျှော့ အမိန့်ပေးတဲ့လေ
သံကြီးရောပဲ ''

မှန်၏။ ခေါင်းဆောင်ဆိုသည့် အမည်နှင့်လိုက်အောင် အဲသလို အကျင့်ပါနေသမို့ စကားကို ထိုသိုအမိန့်ပေးသည့်လေသံမဖြစ်အောင် ထိန်းနေရာမှ အမိန့်ပေးသည့်လေသံ ဖြစ်လာတော့မည့်အချိန် ခေါင်းဆောင်ဖူဖာက ဒေါက်တာနမ်ပြောတာကို သတိရပြီး သူ၏စိတ်ကို ပြန်ထိန်းကာ ချိုချိုသာသာနဲ့ ပြောလိုက်လေသည်။

" နောက်တစ်ခါကျရင် မင်းသူငယ်ချင်းကို ရွာဆီ ခေါ်လာလည်းရတယ်လေ ''

ဆရာလေးထီရန်က အဲသလို စကားကို ချိုချိုသာသာမပြောဖူးသည့် သူချစ်နေသည့် သူ့ဘဲကြီး ခေါင်းဆောင်ဖူဖာက ယခုလို ချိုချိုသာသာပြောလာသမို့ သူ့ဘဲကြီးကို ထူးထူးဆန်းဆန်း ကြည့်နေလေသည်။

A Tale Of Thousand stars Where stories live. Discover now