A Tale Of Thousand stars Chapter - 4(A)

135 5 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 4(A)
အပိုင်း (၁၀)

ရွာစုရပ်ဆွေးနွေးပွဲကြီးမှ ဆရာလေးထီရန်ကို ဖာပန်းဒေါင်းရွာက ရွာသူရွာသား သူကြီးတို့က တရားဝင်ကြိုဆိုပြီး ဆုတောင်းပွဲ၌ စားသောက်ပြီး မူး၍ ပြန်လာရာ ဆရာလေးထီရန် အိပ်ပျော်နေလေသည်။

ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်၏ ဘေးမှာ ထိုင်နေပြီး ဆရာလေးထီရန်၏ ရင်ဘတ်က နှလုံးအစားထိုး လှဲလှယ်ထားသည့် ခွဲစိတ်ထားသော  အမာရွတ်ကို တွေ့ပြီးသွားလေသည်။

ဆရာလေးထီရန်လည်း မူး၍ အိပ်ပျော်နေရာမှ ခဏအကြာ နိုးလာလေသည်။ မီးခွက်ကလေးက အခန်းလေးမှောင်နေသည်ကို အလင်းရဖို့ ဆောင်ကျဥ်းပေးနေလေသည်။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ နဘေးမှ

" အခု မမူးတော့ဘူးလား အမွှေးပွခွေးလေး ''

အဲသလို ပြောသမို့ ဆရာလေးထီရန်လည်း လှဲနေရာမှ အိပ်ယာပေါ် ထိုင်နေလေသည်။ ပြီးနောက် ဆရာလေးထီရန်က သူ၏ အင်္ကျီက ဆုတောင်းပွဲက ရိုးရာဝတ်စုံမဟုတ်ဘဲ တခြားအင်္ကျီဖြစ်နေသည်ကို သတိထားအံ့မိကာ သူ၏ ရင်ဘတ်က အမာရွတ်ကို ခေါင်းဆောင်ဖူဖာ သိသွားသည်ကို သတိထားမိတော့သည်။

" ရှက်စရာ မလိုပါဘူး သစ်တောဝန်ထမ်းတွေက မင်းထက်တောင် အမာရွတ်တွေ များသေးတယ် ကြည့်မလား "

ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး သူ၏အင်္ကျီကို အပေါ်သို့ အနည်းငယ် လှန်လိုက်ရာ ဆရာလေးထီရန်က တားလိုက်လေသည်။

" ဟေး ဟေး မလိုဘူး ''

" နာနေလား ''

" မနာဘူး ဒီအမာရွတ် ဘယ်လိုရတာလဲဆိုပြီး မေးမလို့မဟုတ်ဘူးလား ''

" မဟုတ်ဘူး ငါက အဲ့ဒါထက် ပိုပြီး မေးချင်တာ ''

ခေါင်းဆောင်ဖူဖာက ပြောရင်းဖြင့် မျက်နှာထားက တင်းလာ၍ ဆရာလေးထီရန်လည်း စိုးထိန့်လာလေသည်။

" ဘာလဲ မင်းဆီမှာ ဘာလို့ ထော့ဖန်ရဲ့ ဒိုင်ယာရီစာအုပ် ရှိနေရတာလဲ ''

အဲသလို ခေါင်းဆောင်ဖူဖာက မေးလိုက်သမို့ ဆရာလေးထီရန် ဖြေစရာစကားမရှိအောင် ခဏတာငြိမ်သွားလေတော့သည်။ ထို့နောက်မှ

A Tale Of Thousand stars Where stories live. Discover now