A Tale Of Thousand stars Chapter - 9(B)

145 3 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
               1000 stars

Chapter - 9(B)
အပိုင်း (၂၆)

ဆရာလေးထီရန်က အဲသလို မေးပေမယ့် ဦးတီယာယွတ်က သူ့ကိုသာ ကြည့်၍ အသံတိတ်နေလေသည်။ ဦးတီယာယွတ်က ခွင့်ပြုသည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဆရာလေးထီရန်က အဖြစ်မှန်အကုန် သိသွားပြီဆိုတာ သူ သိသွားလေသည်။

ထို့ကြောင့် ဒီတစ်ကြိမ်တော့ ခွင့်ပြုလိုက်ဖို့ ဆုံးဖြတ်လိုက်သည်ထင်ပါသည်။ ဆရာလေးထီရန်က ဘယ်လက်ပတ်တီးစည်း လည်ပင်းကြိုးသိုင်းဖြင့် ခေါင်းဆောင်ဖူဖာ ရှိသည့်အခန်းကို ဝင်ခဲ့လေသည်။

သို့ပေမယ့် လူနာခေါင်းဆောင်ဖူဖာကို ကုတင်ပေါ်မှာ မတွေ့တော့ဘဲ ကုတင်ပေါ်မှ စောင်တွေ အိပ်ယာခင်းတွေကို သူနာပြုဆရာမလေးက ခေါက်သိမ်းနေသည်ကိုသာ တွေ့ရလေတော့သည်။

ထို့ကြောင့်

" ဒီအခန်းက လူနာကောဗျ ''

အဲသလို ဆရာလေးထီရန်က မေးလိုက်ပြီး ထိုဆေးခန်းကြီး၏ လျှောက်လမ်းမကြီးပေါ်တွင် ဆရာလေးထီရန် ရောက်နှင့်နေလေသည်။

ပြီးနောက် ခေါင်းဆောင်ဖူဖာက ဝီးချဲယ် ပေါ်မှာ ဘယ်လက်ကို ပတ်တီးစည်း လည်ပင်းကြိုးသိုင်းဖြင့် ထိုင်နေပြီး ဆရာမလေးက ထိုဝီးချဲယ်ကို တွန်းသွားသည်ကို ဆရာလေးထီရန် တွေ့လေသည်။

ခဏက ဆရာလေးထီရန်က အခန်းထဲမှ ဆရာမလေးကို မေးလိုက်ရာ ထိုဆရာမလေးက ပြောပြ၍ ထိုသို့ ခေါင်းဆောင်ဖူဖာကို သူတွေ့လိုက်ရခြင်း ဖြစ်လေသည်။

ဒီလိုနဲ့ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာထိုင်နေသည့် ဝီးချဲယ်ကို တွန်းသွားသော ဆရာမလေးအနောက်ကို လိုက်သွားလေသည်။

ထိုဆရာမလေးက ခေါင်းဆောင်ဖူဖာ၏ဝီးချဲယ်ကို ထိုဆေးရုံကြီး၏ လေကောင်းလေသန့်ရှိသည့် စိမ်းစိုသော မြက်ခင်းပြင်ကြီးနှင့် ခုံတန်းလေးရှိရာကို တွန်းသွားလေသည်။

ထိုဆရာမလေးက ခေါင်းဆောင်ဖူဖာထိုင်သည့်ဝီးချဲယ်ကို ခုံတန်းလေး၏ဘေးမှာ ရပ်ထားလိုက်လေသည်။ ဆရာလေးထီရန်လည်း သူတို့နောက်ကို ရောက်လာရာ ဆရာမလေး၏ ပုခုံးကို လက်နဲ့အသိပေးပြီး သူ၏နှုတ်ခမ်းကို လက်ညိုးနှင့်ပိတ်၍

A Tale Of Thousand stars Where stories live. Discover now