A Tale Of Thousand stars Chapter - 10(C)

402 8 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars

Chapter - 10(C)
အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း

အပြည်ပြည်ဆိုင်ရာလေဆိပ်

ထီရန် ထီရန်၏အဖေနဲ့အမေက လေဆိပ်မှာ အတူတူရှိနေကြလေသည်။ ထိုအခါ သူ၏သူငယ်ချင်း တွန်က

" ဟေး ထီရန် ဖော မား မင်္ဂလာပါ ''

" ဟေး မင်း ဘယ်လိုလဲ ''

ထီရန်က တွန်ကို လှမ်းဖက်လိုက်လေတော့သည်။

" ငါ့ကို ဘာလို့ စိတ်ပျက်သလိုကြီး
ကြည့်နေတာလဲ ''

" မင်း ဒီမှာ လျှောက်ပြောမနေနဲ့ ငါ့ကို နောက်နေတာ တစ်ခါလောက် ရပ်ပါလား ငါက ခဏနေသွားတော့မှာကို ''

" လုပ်စမ်းပါကွာ အနည်းဆုံးတော့ မင်းသွားခါနီး ငါ မင်းကို လာတွေ့တယ်လေ ''

" ကျေးဇူးပဲနော် ''

" ဖက်ပါရစေဦး ကံကောင်းပါစေ မင်း ဟိုရောက်ရင် အများကြီး လျှောက်မတွေးနဲ့နော် ဟိုမှာ မင်းရွေးဖို့ ကောင်လေးချောချောလေးတွေ ရှိမယ်ဆိုတာ သေချာတယ် ''

တွန်က ဖက်ရင်းပြောနေသမို့ ထီရန်က ချက်ချက်းဖက်တာကို ခွာကာ

" ဟေ့ကောင် တွန် ''

ထီရန်က အဲသလိုပြောပြီး သူ၏အဖေနဲ့အမေကို ကြည့်ကာ သူ့အဖြစ်သူသိ၍ ပြုံးမိလိုက်လေသည်။

" ဘာဖြစ်နေတာလဲ မင်းပဲ သူ့ကို အဝေးပို့တာလေ ''

ထီရန်၏အဖေက သူ့မိန်းမ စိတ်မကောင်းဖြစ်နေတာကို ကြည့်၍ ပြောလေသည်။

" သိပါတယ် ထီရန် ''

သူ၏အမေက ပွေ့ဖက်ဖို့လက်ကမ်းသမို့ ထီရန်က သူ၏အမေကို ဖက်လိုက်လေသည်။

" ဘေးကင်းတဲ့ခရီးလေး ဖြစ်ပါစေနော် သား ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ''

" မေမေလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါနော် ''

" အတူတူပဲ သားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်နော် နေ့တိုင်း ဖုန်းဆက်နော် သား ''

" ဟုတ်ကဲ့ ထီရန်က မေမေ ပျင်းသွားတဲ့အထိကို နေ့တိုင်းဖုန်းခေါ်ပေးမယ် ''

A Tale Of Thousand stars Where stories live. Discover now