A Tale Of Thousand stars Chapter - 3(B)

148 3 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars

Chapter - 3(B)
အပိုင်း (၈)

" မင်းက ဘယ်သူလဲ ''

" လိမ်ညာတာမျိုးကို သည်းမခံတတ်တဲ့သူ ''

" ဘယ်မှာ လိမ်ညာနေလို့လဲ မင်း ငါ့ကို သိက္ခာလာချနေတာလား ''

" ကတ္တားပေါ်မှာ ၅ လို့ ရှင်းရှင်းလင်းလင်းပြနေတာကို ၄ ကီလို လို့ ရေးနေတာလေ ''

မှန်၏။ လက်ဖက်ဝယ်သည့် အဲဒီလူက ၅ ကို ၄ ဟု စာရင်းထဲရေးကာ ပိုသည့် အလေးချိန်တန်ဖိုးကို အမြတ်စားနေသမို့ ဆရာလေးထီရန် အဲသလို ပြောလိုက်ခြင်း ဖြစ်လေသည်။

" အဲတာ လိမ်ညာတာမဟုတ်ရင် ဘာလဲ ''

" စကားပြောတာ သတိထားနေနော် ကောင်လေး ငါတို့ ဒီမှာ ဘာ ပြဿနာမှ မဖြစ်ဘဲ စီးပွားရေး လုပ်စား

လာတာ ကြာနေပြီ မင်းက ဘာကိစ္စ ဝင်လျှာရှည်နေတာလဲ ဟင် ''

" မှားနေတာ အသိအသာကြီးပဲလေ ဒီလိုလုပ် ခြင်းတွေအားလုံးကို နောက်တစ်ခါ ပြန်ချိန်လိုက်လေ

ကျွန်တော့်ဖုန်းနဲ့ ချိန်စက်ပေါ်က အလေးချိန်ကို သက်သေအဖြစ် ရိုက်ထားပေးမယ် တကယ်လို့

နံပါတ်က အစ်ကို့စာရွက်ပေါ်ကဟာနဲ့ မကိုက်ဘူးဆိုရင် ကျွန်တော်တို့ အားလုံး ရဲစခန်းကို
တူတူသွားကြတာပေါ့ ''

မှန်၏။ လိမ်ညာတာကို သည်းမခံတတ်သည့်သူပီပီ စကားကို အဲသလို တင်းတင်းရင်းရင်း ပြတ်ပြတ်သားသား ဆရာလေးထီရန် က ပြောလာသမို့ လက်ဖက်ဝယ်သည့် အသားဖွေးဖွေး ဝတုတ်တုတ် နှုတ်ခမ်းမွှေးကားကားနှင့် ထိုလူက စိတ်တင်းလာကာ လက်ဖက်ခြင်းတွေကို အတင်းတွန်းလှဲလိုက်လေသည်။

" ဒီ သုံးစားမရတဲ့ အရွက်တွေကိုလည်း မလိုချင်ဘူး လွှင့်ပစ်လိုက်စမ်း ''

" ဝေ့ ဟေ့ ဟေ့လူတွေ ရပ်လိုက်စမ်း ''

ဆရာလေးထီရန်က အဲလူကို သွားတွန်းသည်မို့ ထိုလူကလည်း ဆရာလေးထီရန်၏ မျက်နှာကို လက်သီးနှင့် ပစ်ထိုးပစ်လိုက်သည်။

" ထီရန် ဆရာလေးထီရန် ''

ကလေးတွေကလည်း ဆရာလေးထီရန်ကို အော်ခေါ်နေကြပြီး ဆရာလေးထီရန်လည်း မြေပြင်ပေါ်လှကျသွားသည်။ ခဏကလူက ဆရာလေးထီရန် မြေပြင်ပေါ် လှဲကျနေသမို့ ဆရာလေးထီရန်ကို ခြေဖြင့် ကန်နေချိန် သူ၏တပည့်နှစ်ယောက်က ရန်မဖြစ်အောင် အတင်းဆွဲထားကြလေသည်။

A Tale Of Thousand stars Where stories live. Discover now