A Tale Of Thousand stars Chapter - 10(A)

172 3 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                1000 stars

Chapter - 10(A)
အပိုင်း (၂၈)

ဖာပန်းဒေါင်းကို ရောက်သည့် ပထမဆုံးည...။

ဒီလိုနဲ့ ညအချိန် အခန်းထဲမှ မီးအိမ်အလင်းရောင်လေးအနည်းငယ် ထွက်ရှိနေတဲ့ ကျောင်းဆရာနေအိမ်လေးက အမှောင်ထဲမှာ ရှိနေလေသည်။

ထိုအချိန်သည် ဆရာလေးထီရန် ဖာပန်းဒေါင်းရွာကို ရောက်သည့် ပထမဆုံးနေ့ ဖြစ်လေသည်။ ထိုညမှာ ဆရာလေးထီရန်အတွက် ခေါင်းဆောင်ဖူဖာက ထမင်းချိုင့် လာပို့ပေးလေသည်။

ခေါင်းဆောင်ဖူဖာက ထမင်းချိုင့်လေးကို ယူကာ အိမ်ပေါ်သို့ တဖြည်းဖြည်းတက်သွားပြီး အခန်းဝဘက်၌ တင်ထားခဲ့လေသည်။

ပြီးနောက် ခေါင်းဆောင်ဖူဖာက တစ်ချက်ပြုံးမိပြီး ထိုအိမ်ပေါ်မှ ပြန်ဆင်းလာပြီးနောက် ပြန်သွားလေတော့သည်။ ထိုအချိန် ဆရာလေးထီရန်က အခန်းထဲမှ ဖုန်းဓာတ်မီးလေးဖြင့် ထွက်လာပြီး ထမင်းချိုင့်ကို မြင်လေသည်။

ထမင်းချိုင့်လေးကို ယူကာ ထမင်းစားစားပွဲတွင် ထိုင်၍ ချိုင့်ဖွင့်ပြီး အထဲမှ ကြက်ဥကြော်လေးကို ကြည့်ကာ ခေါင်းဆောင်ဖူဖာကို အတွေးထဲ ထည့်တွေးလိုက်လေသည်။

ဒီလိုနဲ့ မနက်မိုးလင်းချိန် ဖာပန်းဒေါင်းကနေ ဘန်ကောက်ကို ပြန်ရတော့မည့် ဆရာလေးထီရန် ချိုင့်ထဲမှ ကြက်ဥကြော်ကို ကြည့်၍ အတွေးနယ်ချဲ့နေသည်။

မှန်၏။ ယခုနောက်ဆုံးစားရသည့် ကြက်ဥကြော်နဲ့ စရောက်ခါက ကြက်ဥကြော်စားရသည့် ခံစားချက်ကို ယှဥ်၍ ခံစားနေရလေသည်။

ဒီလိုနဲ့ အခန်းလေးထဲမှာ ဆရာလေးထီရန်တစ်ယောက် သက်ပြင်းတွေ အခါခါချမိနေလေတော့သည်။ ပြက္ခဒိန်မှ ရက်ကို ကြည့်ကာ မျက်နှာက ပျိုတော့မည့်မိုးလို ဖြစ်နေလေသည်။

ဒီလိုနဲ့ အားရပါးရငိုမိကာ ဝမ်းနည်းကြေကွဲနေလေတော့သည်။ မီးပုံမှ မီးခိုးတွေ ထွက်နေသည့် ကျောင်းဆရာနေအိမ်ကလေး အခန်းထဲမှာ ဆရာလေးထီရန် စားပွဲ၌ ရောက်စုံစာရွက်ပေါ်တွင် စာရေးပြီး နံရံကဝါးလေးမှာ ဖိကပ်လိုက်လေသည်။

A Tale Of Thousand stars Where stories live. Discover now