A Tale Of Thousand stars Chapter - 11

1.3K 42 3
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
               1000 stars

Chapter - 11(အမှောင်ပိုင်း)
အပိုင်း (၃၁) အထူးပိုင်း

ထီရန်တစ်ယောက် ဒုတိယအကြိမ် ဖာပန်းဒေါင်းကို ဆရာလုပ်ဖို့ ရောက်လာပြန်လေပြီ။ ယခုတော့ ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ အချစ်ရဲ့ဆွဲဆောင်မှုနောက်ကို ရဲရဲကြီး လိုက်နိုင်ခဲ့လေသည်။

မဖြစ်နိုင်ဘူးလို့ တွေးမိတာတွေလည်း ယခုတော့ အရာအားလုံးကို ရင်ဆိုင်နိုင်နေလေပြီ။ ယခုဆို ဖာပန်းဒေါင်း၏ဖာဖီရွန်တပ်စုတွင် ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် အတူတူ နေထိုင်ကြလေသည်။

ညအချိန်..။

လျှပ်စစ်မီးအကန့်အသတ်နှင့်ရသည့် ဖာဖီရွန်တပ်စု အခန်းထဲတွင် ဆရာလေးထီရန်တစ်ယောက် ရှိနေလေသည်။ သူက သူ၏ပုခုံးပေါ်တွင် တပက်ကလေးကို တင်ပြီး ခေါင်းကို ထိုတပက်ဖြင့် သုတ်ကာ မီးဂေါက်ထွန်းထားသည့် မှန်တင်ခုံ အနားကို ရောက်လာလေသည်။

မှန်တင်ခုံအနားမှ ထိုင်ခုံတွင် သူ၏တပက်ကို တင်ထား၍ ခုံပေါ်မှ ပန်းရောင် Lotion လေးကို ယူကာ လက်ဖဝါးထဲကို ညှစ်ထည့်၍ သူ၏လက်မောင်းလေးတွေကို ပွတ်လိမ်းနေလေသည်။

ထို Lotion အနံ့လေးကလည်း မွှေးကြိုင်ပြီး တစ်ခန်းလုံးဆိုသလို ပျံ့နှံ့နေလေသည်။ ထိုအခါ သူက Lotion လေး လိမ်းရင်း ခေါင်းဆောင်ဖူဖာအား တစ်ယောက်တည်း ရေရွတ်ပြောဆိုနေလေသည်။

" ခေါင်းဆောင်က ရက်စက်လိုက်တာ..ဒီနေရာမှာ ရေရော မီးရော ရှိတယ် ဆရာတွေ နေတဲ့ အိမ်ထက်
ပိုကောင်းတယ် ''

ထိုအခါ လျှပ်စစ်မီးက ချက်ချင်းဆိုသလို တစ်ယောက်ယောက် ခလုတ်ပိတ်လိုက်သလိုဖြင့် ဖျတ်ခနဲ မှိတ်သွားလေတော့သည်။

" ဟေး လာနောက်နေတာလား
ခေါင်းဆောင်မဟုတ်လား ''

အဲသလို မီးပျက်သမို့ ဆရာလေးထီရန်က ပြောပြီး မီးပြန်လာတော့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏အနောက်မှ ခါးကိုဖက်ကာ ခေါင်းကလေးကို ပုခုံးပေါ်တင်ထားလေသည်။

" ကျွန်တော့်ကို ဘယ်လို ရှာတွေ့တာလဲ ''

ထိုအခါ ခေါင်းဆောင်ဖူဖာက သူ၏မျက်နှာဘက်ကို သမင်လှည်ပြန်လှည့်နေသည့် ဆရာလေးထီရန်၏ပါးအိအိလေးကို အနမ်းဖွဖွလေး ပေးလိုက်လေသည်။

A Tale Of Thousand stars Where stories live. Discover now