A Tale Of Thousand stars Chapter - 1(B)

434 22 1
                                    

(Unicode Version)

Chapter - 1(B)
အပိုင်း (၂)

ထီရန်က မီးအိမ်လေးကို အဖော်ပြုကာ မှောင်မိုက်နေသမို့ လမ်းစပျောက်ရင်း ထော့ဖန်ဆိုသည့် အမကို အင်္ကျီအဖြူလေးနှင့် သွားတွေ့လေသည်။

" အမ ဘယ်မှာလဲ အမက ဘယ်သူလဲ.. ''

" အမ အိုး.. ''

ရုတ်တရက် ထော့ဖန်ဆိုသည့်အမက ပျောက်သွားသည်မို့ ထီရန်လန့်သွားကာ မျက်လုံးပြူးလာလေသည်။

" အိုး.. ဘယ်ရောက်သွားတာလဲ.. အမ ''

ထီရန်နောက်တစ်ဖက်အလှည့်မှာ ထီရန်၏ အရှေ့၌ ထော့ဖန်က ပေါ်လာပြန်သည်။

" အမ အမက ဘာပြောမလို့လဲ.. ဝေး.. ''

ရုတ်တရက် ထော့ဖန်က ပျောက်သွားပြီး ထီရန်အနောက်မှာ ပြန်ပေါ်လာကာ

" ဟေး.. ''

ထော့ဖန်က ထီရန်အနားကပ်လာပြီး ထီရန်၏ ရင်ဘတ်ကို လက်ကလေးနဲ့အသာစမ်းလျက်

" ဂရုစိုက်ပေးနော်... ''

အဲသလို ထော့ဖန်က ပြောသမို့ ထီရန်လည်း နားမလည်သလို ဖြစ်ကာ နောက်ကို တိုးဆုတ်တိုးဆုတ်နှင့် ရွေ့သွားရာ ခေါင်းဆောင်ဆိုသည့် ခပ်ချောချော အမျိုးသားတစ်ယောက်ကို သွားတိုက်မိလေသည်။

ထော့ဖန်တော့ ကွယ်ပျောက်သွားလေတော့သည်။ ထီရန်က ထိုခေါင်းဆောင်နှင့်အကြည့်ဆုံကာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြသလိုမျိုး ခံစားမိစေလေသည်။

ထီရန်က မီးအိမ်လေးကို ကိုင်ကာ ထိုခေါင်းဆောင်နှင့် အကြည့်ဆုံနေဆဲ ထိုခေါင်းဆောင်က ထီရန်ကို စူးစိုက်ကာ ကြည့်နေဆဲ။

အပစ်ကင်းစင်ပြီး ထီရန်၏မျက်နှာ အောက်ဆီဂျင်မပေးထားတော့ဘဲ မျက်နှာကို အရှင်းသား မြင်ရပြီး ကုတင်ထက်မှာ လှဲနေလေသည်။

မှန်သည်။ ထီရန်၏ နှလုံးကို ခွဲစိတ်တုန်းက သူ၏စိတ်က ခဏက အဖြစ်အပစ်ဆီ ရောက်နေလေသည်။

ဒါဆို ထီရန် ထော့ဖန် နှင့် ခေါင်းဆောင်တို့ ဘယ်လိုများ ပတ်သက်နေကြမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေလေတော့သည်။

A Tale Of Thousand stars Where stories live. Discover now