A Tale Of Thousand stars Chapter - 8(C)

150 3 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 8(C)
အပိုင်း (၂၄)

" ဟေး..ချွတ် ငါတို့နောက် ဘယ်သူမှ
လိုက်မလာဘူး ''

" သရဲလိုက်လာရင်ရော ''

" အဲလိုတွေ မပြောနဲ့ လာ လာ မြန်မြန် မဟုတ်ရင် ပစ္စည်းတွေအချိန်မီ မပို့နိုင်ဘဲ နေလိမ့်မယ် ငါလည်း သရဲကြောက်တယ်ကွ ''

ဆရာလေးထီရန်လည်း အသံလာရာကို ထပြီးချောင်းမြောင်းကြည့်လိုက်ရာ ကြည်လင်သောရေ စီးနေသည့် တိမ်သောချောင်းငယ်လေးကို ဖြတ်ကူးနေသည့် တော့နှင့် ချွတ်ကို မြင်လေတော့သည်။

သူစိမ်းမဟုတ် ဖာပန်းဒေါင်းရွာသားတွေ ဖြစ်ပြီး တစ်ချိန်တုန်းက သရဲတောင်ကြားထဲ ရောက်သွားပြီး ရေစင်ဖြန်းပေးရသည့် တော့နှင့်ချွတ် ဖြစ်သမို့ ဆရာလေးထီရန်က သူတို့ကို ရေစင်ဖြန်ပေးသည်ကို သတိရလေတော့သည်။

" အားလုံးကို သရဲတောင်ကြားထဲကို မလာဖို့ သတိပေးထားဦးနော် အဲဒီက ဝိညာဥ်တွေက အရမ်းကြောက်စရာ ကောင်းတာ ''

ဆရာလေးထီရန်က ချွတ်ဟာ အဲသလို ခမာကို သရဲတောင်ကို မလာဖို့ အားလုံးကို အသိပေးခိုင်းတာကို သတိရသွားခြင်းပင်။

တကယ်ပဲ သရဲတောင်ကြားထဲမှာ ဝိညာဥ်တွေ ရှိသလားဆိုတာ သိရဖို့ ဆရာလေးထီရန်က သူ၏နာမည်ပြောင်နှင့် လိုက်ဖက်ညီစွာ ပြဿနာသံလိုက်လို ပြဿနာရှာသည်ထက် အဖြေရှာဖို့ ချွတ်နှင့်တော့ အနောက်မှ တိတ်တဆိတ်ချောင်းကြည့်၍ လိုက်သွားလေသည်။

အဲသလို လိုက်သွားရာ တဖြည်းဖြည်းနဲ့ အချိန်ကုန်လာ၍ ညအချိန်ကို ရောက်သွားလေတော့သည်။ ချွတ်နှင့်တော့လည်း ဓာတ်မီးလေးထွန်းကာ လိုရာခရီးကို သွားနေကြလေသည်။

ဆရာလေးထီရန်လည်း လမင်းကြီး၏အလင်းကို အမှီပြု၍ ချွတ်တို့အနောက်ကို တိတ်တဆိတ် ဆက်လိုက်မြဲ ဆက်လိုက်နေလေသည်။ ချွတ်နှင့်တော့က လမ်းလျှောက်ရင်း

" ဟေး ချွတ် မင်းဒီကိုလာတော့ မင်းကလေးတွေကို ဘယ်သူက ထမင်းကျွေးဖို့ ကူပေးလဲ ''

A Tale Of Thousand stars Where stories live. Discover now