A Tale Of Thousand stars Chapter - 9(A)

142 3 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
              1000 stars

Chapter - 9(A)
အပိုင်း (၂၅)

လွန်ခဲ့သော လပေါင်းများစွာခန့်က
More Months Ago

ဖာပန်းဒေါင်းချောက်ကမ်းပါးကြီးတွင် ကျောက်တုံးလေးပေါ် အမှီပြု၍ ခေါင်းဆောင်ဖူဖာနှင့် ထော့ဖန် ရှိနေလေသည်။

ထော့ဖန်က အဖြူရောင်ချည်ထိုးစအင်္ကျီလေးနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထား၍ သူမ၏မျက်နှာသည်လည်း ပြုံးပျော်ရွှင်နေလေသည်။ သူမက ဆံပင်လေးကလေး ဖားလားချပြီး ထိုဆံပင်လေးကို လေးကလေးကလည်း တဖြူးဖြူး တိုက်ခတ်နေလေသည်။

ခေါင်းဆောင်ဖူဖာသည်လည်း သစ်တောထိန်းသိမ်းရေးယူနီဖောင်းအင်္ကျီကို ဝတ်ဆင်၍ ယောက်ျားပီပီသသနဲ့ ကြည့်ကောင်းလှပေသည်။

ဒီလိုနဲ့ ထော့ဖန်က လက်ကလေးပိုက်ကာ ခေါင်းဆောင်ဖူဖာနှင့် အကြည့်ဆုံ၍

" ခေါင်းဆောင် ကျွန်မ မေးရမယ့် အလှည့်နော် ''

" အင်း ''

" ခေါင်းဆောင်လည်း ဖာပန်းဒေါင်း ပုံပြင်ကို
ယုံလား ''

" ယုံတယ် သိလား ကိုယ့်အမေက ဒီနေရာမှာ သားဆုတောင်းဖို့ လာခဲ့တာ ''

" အဲ့ဒါကြောင့် ခေါင်းဆောင်ကို ဖူဖာ (တောင်) လို့ နာမည်ပေးခဲ့တာပေါ့ ''

" ပေါတောတော ဆန်လား ''

" ကောင်းပါတယ် လှတယ်နော် ''

ထော့ဖန်က အပေါ်စည်းချောက်ကမ်းပါးပေါ်ကနေ မှိုင်းငွေ့တွေ ပိတ်ဖုန်းနေသည့် မှိုင်းညို့ညို့တောင်တန်းကြီးနှင့် သဘာဝအလှတရားကို ကြည့်ကာ ပြောလေသည်။

" မျက်စိက မြင်ရသလို ဓာတ်ပုံမရိုက်နိုင်တာ
ဆိုးတယ်နော် ''

" အဲဒါကြောင့် တို့အားလုံးက ဒီသစ်တောတွေကို တတ်နိုင်သလောက် ကာကွယ်ဖို့ တို့ဘဝတွေကို နှစ်မြှုပ်ထားတာလေ တတ်နိုင်သမျှ အကောင်းဆုံး ကာကွယ်နေတာပေါ့ ''

" အစ်ကိုတို့ရဲ့ စွန့်လွတ်အနစ်နာခံမှုကို တကယ်ချီးကျူးတယ် ''

" အစ်ကိုတို့ စိတ်ထဲမှာ သစ်တောတွေနဲ့ တောရိုင်း တိရစ္ဆာန်တွေပဲ ရှိတယ်လေ ''

A Tale Of Thousand stars Όπου ζουν οι ιστορίες. Ανακάλυψε τώρα