A Tale Of Thousand stars Chapter - 4(B)

133 4 1
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 4(B)
အပိုင်း (၁၁)

ချင်းမိုင်သို့ စျေးဝယ်သွားမည့်နေ့...။

" နောက်မှာ ထိုင်နိုင်လား ''

" ကျွန်တော့်ကို အရမ်း အထင်မသေးနဲ့ ခေါင်းဆောင် ''

ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက ဆိုင်ကယ်လေးကို တက်ခွလိုက်လေသည်။

" တက်လေ ''

ခေါင်းဆောင်ဖူဖာက အဲသလို ပြောသမို့ ဆရာလေးထီရန်လည်း အနောက်မှ တက်ထိုင်လိုက်လေသည်။ ထို့နောက် ပြုတ်မကျအောင် ခေါင်းဆောင်ဖူဖာက

" ကိုင်ထား ''

ဟူ၍ ပြောကာ ဆရာလေးထီရန်လည်း သူ၏လက်နှစ်ဖက်ကို ခေါင်းဆောင်ဖူဖာ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။

" အဲဒီကို မဟုတ်ဘူး ''

ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး ဆရာလေးထီရန်၏ လက်နှစ်ဖက်ကို သူ၏ပုခုံးပေါ်မှ ကိုင်ချကာ ခါးကို ပြောင်းပြီး ဖက်ထားခိုင်းလေသည်။

" တစ်ခုခု လုပ်ဖို့ ပြောရင်လည်း ဆူတယ်လို့ ငါ့ကို အပစ်တင်ဦးမယ် တင်းတင်းလေး ဖက်ထား ''

ဒီလိုနဲ့ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ခါးကို ခပ်တင်းတင်းလေး ဖက်ထားပေမယ့် ခေါင်းဆောင်ဖူဖာက ထပ်ပြီး တင်းခိုင်းလေသည်။

" တင်းဦး ''

အဲ့နောက် ဆရာလေးထီရန်လည်း သူ၏လက်နှစ်ဖက်ကို ခေါင်းဆောင်ဖူဖာ၏ခါးအပြည့် သွယ်ဖက်ကာ သူ၏မှေးကိုလည်း ခေါင်းဆောင်ဖူဖာ၏ ပုခုံးပေါ် တင်ထား၍ မျက်နှာချင်း အနီးသားနီးကပ်ကာ ဖက်ထားလိုက်လေသည်။

" အရမ်းတင်းသွားပြီ ''

ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး အနောက်လှည့်လိုက်ရာ ဆရာလေးထီရန်၏ မျက်နှာဖြင့် အနီးသားနီးကပ်နေပြီး ထူးခြားသည့်ခံစားမှုကို ခံစားရစေလေသည်။ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာက အရမ်းတင်းသွားပြီ ပြောသမို့ ခါးကို ဖက်ထားတာ ဖြေလျော့လိုက်လေသည်။

A Tale Of Thousand stars Where stories live. Discover now