A Tale Of Thousand stars Chapter - 2(A)

232 8 4
                                    

(Unicode Version)

Chapter - 2(A)
အပိုင်း (၄)

ဆထွန်ဖောင်ဒေးရှင်း၏ ခြံဝင်းအရှေ့တွင် ထီရန်တစ်ယောက် ရပ်နေလေသည်။ မှန်၏။ ထီရန် ဖာပန်းဒေါင်းရွာကို မသွားခင် ဆထွန်ဖောင်ဒေးရှင်းမှာ လုပ်အားပေးဆရာလုပ်ဖို့ ဖောင်သွားဖြည့်ခြင်း ဖြစ်လေသည်။

ထီရန်က ခဲရောင်အင်္ကျီကို ရှေ့တွဲ၏တစ်ဖက်ကို ဘောင်းဘီထဲ ထိုးထည့်ထားကာ တစ်ဖက်ကိုက ရှေ့ချထား၍ ဆံပင်လေး ရှေ့ခွဲဖွဖွနှင့် သူ၏ပုံစံက ကြည့်ကောင်းနေလေသည်။

သူ၏လက်ထဲတွင်လည်း ထော့ဖန်၏လုပ်အားပေးဆရာမကတ်ပြားကို ကိုင်ကာ ကျန်လက်တစ်ဖက်က ထော့ဖန်၏ ဆထွန်ဖောင်ဒေးရှင်းမှာ လုပ်အားပေးလျှောက်သည့်ဖောင်တစ်ခု ကိုင်ဆောင်ကာ နောက်ထပ်စာအိတ်ကိုလည်း ကိုင်၍ ထိုဖောင်ဒေးရှင်းအရှေ့မှာ ရပ်ကြည့်နေလေသည်။

ပြီးနောက် ထီရန်က သက်ပြင်းတစ်ချက်ချ၍ ထိုဖောင်ဒေးရှင်းခြံဝင်းထဲကို ဝင်သွားလေတော့သည်။ ခြံထဲကို ရောက်သော် ထီရန်က အသက် ၄၀ ကျော် ၅၀ ခန့်အရွယ် အမျိုးသားတစ်ယောက်ကို တွေ့လေသည်။

ခြံလေးက စိမ်းစိုသည့်အပင်များနှင့် ပြည့်နေပြီး ထိုအမျိုးသားက ပန်အိုးတစ်ခုကို ပေါင်းဆွပေးနေလေသည်။ ထီရန်က ထိုအမျိုးသားအနားသွားကာ

" တစ်ဆိတ်လောက်ခင်ဗျ ကျွန်တော် လုပ်အားပေးဆရာ လျှောက်ချင်လို့ပါ ''

ဟူ၍ ပြောသမို့ ထိုအမျိုးသားက ထီရန်ကို မော့ကြည့်ကာ ထိုလူ၏ပုံစံက မျက်မှန်တပ်ထားပြီး အသားဖွေးဖွေး အသက် ၅၀ ခန့်အရွယ် လူကြီးတစ်ယောက် ဖြစ်ပေသည်။

" ဒီနေ့ ပိတ်တယ် တနင်္လာနေ့မှ ပြန်လာခဲ့ပါလား ''

ထိုလူကြီးက အဲသလို ပြောလာသမို့ ထီရန်လည်း ထိုခြံထဲမှ ထွက်သွားမည်အလိုမှာ ထိုလူကြီးက ထီရန်ကို ပေါင်းသင်နေသည့် ထိုင်နေရာမှ ကြည့်ကာ

" ကောင်လေး အရေးကြီးလား ဒါလေး ကူသယ်ပေးလို့ရမလား ဟင် ''

အဲ့တော့မှ ထီရန်က လှည့်ပြန်မည့်အလိုမှာ ထိုလူကြီးဘက်ပြန်လှည့်လာပြီး သူ၏လက်ထဲတွင် ကိုင်ဆောင်လာသည့် ဖောင်နှင့် ကတ်ပြားကို တစ်နေရာရာမှာချပြီး ကူကယ်ပေးလိုက်လေသည်။

A Tale Of Thousand stars Where stories live. Discover now