A Tale Of Thousand stars Chapter - 8(A)

107 2 1
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 8(A)
အပိုင်း (၂၂)

ပြဿဒ်တွေ အဆောင်မုဒ်ဦးတွေ အချွန်အတက်တွေဖြင့် နန်းတော်ကြီးအလား တည်ဆောက်ထားသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဘုန်းတော်ကြီးကျောင်းတစ်ခုက ခန်းနားထည်ဝါလှပေသည်။

ကျေးငှက်ကလေးတွေကလည်း ထိုကျောင်းကြီး၏အတွင်းမှ အရိပ်ရအပင်တွင် ခိုနားကာ တကျီကျီမြည်အောင် မနက်ခင်းနေရောင်ခြည်နှင့်အတူ သဘာဝအလှကို ဖော်ကြူးနေလေသည်။

ထိုဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အဝါရောင်သင်္ကန်းရှိ ထိုင်းဘုန်းကြီးတစ်ပါးအား ထီရန်တစ်ယောက် စားဖွယ်ရာ ပစ္စည်းမျိုးစုံဖြင့် ကပ်လှူနေလေသည်။

ထီရန်က ဒူးထောက်ကာ ပစ္စည်းတွေကို လက်ဖြင့်ကိုင်မပြီး ထိုဘုန်းကြီးကို ကပ်လှူလေသည်။ ပြီးနောက် ထီရန်ဆိုဖာ့ဒစ်စကွန်းဟု အမည်ရှိသည့် ထီရန်က ဒူးတုတ်ထိုင်ချကာ ထိုဘုန်းကြီးက အထက်ပုလ္လင်၌ တင်ပြင်ခွေထိုင်လျက်

" ရေစက်ကို ဖြေးဖြေးချင်းချပြီး တရားနာပေးပါ ''

အဲသလို ပြောလိုက်ပြီး ထီရန်လည်း ရေစက်ချကရားအိုးထဲမှ ရေကို ရေခွက်အထဲသို့ ဖြည်းဖြည်းချင်း ချပြီး တရားနာ၍ တစ်စုံတစ်ယောက်ကို ရေစက်ချ အမျှပေးဝေလေသည်။

" ထိုင်းရေစက်ချတရားဘာဝနာများရွတ်___ ''

အဲသလို ထိုင်းဘုန်းကြီးကလည်း အမျှပေးဝေသည့် တရားများကို ဟောကြားပြီး ထီရန်လည်း ရေစက်ချအမျှပေးဝေလိုက်လေတော့သည်။

ဒီလိုနဲ့ ထိုဘန်ကောက်မြို့၏ သေဆုံးသူတို့၏ ဓာတ်ပုံနှင့် မှတ်တမ်းမှတ်ရာတို့ကို အုတ် ခဲ အင်္ကတေတို့ဖြင့် နံရံကြီးမှာ စုစည်းထားသည့် ထိုဘုန်းတော်ကြီးကျောင်း၏ ထိုအရာများရှိသည့်နေရာကို ထီရန်တစ်ယောက် ပန်းစည်းလေးကိုင်၍ တဖြည်းဖြည်းလျှောက်လမ်းလာလေသည်။

ထိုဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်၏ အမျှပေးတရားကလည်း ထပ်ကြိမ်သံဖြင့် ကြီးစိုးနေလေသည်။

A Tale Of Thousand stars Where stories live. Discover now