Synopsis

77.2K 3.5K 107
                                    

<Unicode>

ဗန်ပိုင်းယားလက်သစ်လေးတဖြစ်လဲ လော့ကျိုးကျိုးအတွက် ကိုက်ညီတဲ့ မိတ်ဖက်တစ်ယောက်ရှာဖို့ဆိုတာက ဘဝပန်းတိုင်တစ်ခုအဖြစ် မျိုးရိုးဗီဇထဲမှာကိုက ပါဝင်ပြီးသားရယ်။ သူ့မိတ်ဖက်ရဲ့ သွေးက ကျွဲခေါင်းသီးလေးလို ရနံ့အပြည့်နဲ့ နွေးထွေးရမယ်။ နောက်ပြီး ချိုမြိန်ရမယ်။ ဒါပေမဲ့လည်း နှစ် နှစ်ဆယ်ကြာအောင် ရှာဖွေပြီးနောက် ကံမထူးလာတဲ့အခါ လော့ကျိုးကျိုးလေးဟာ စိတ်ဓာတ်ကျလာလိုက်တာ နောက်ဆုံး သူမသိတဲ့ အချိန်နဲ့ ကမ္ဘာတစ်ခုကို ရောက်သွားတဲ့အထိပဲ။

သူ့ရဲ့ လူသားဘဝ (လူမဟုတ်ပါဘူးဆို ဗန်-ပိုင်း-ယား!) ကို ကျင့်သားရဖို့ ကြိုးစားရတာ လွယ်ကူတယ်တော့ မဟုတ်လှဘူး။ ဒါပေမယ့် မတော်တဆ ဘေးရာ့ဒ်နယ်မြေရဲစခန်းဆီ သောင်တင်သွားတဲ့အခါ သူ တစ်သက်လုံး တောင့်တခဲ့ရတဲ့ ရနံ့လေးကို ရှာတွေ့သွားခဲ့တယ်။

အနံ့တရှိုက်နဲ့တင် ဒါ သူ လိုချင်နေခဲ့တဲ့ မိတ်ဖက်မှန်း တန်းသိသွားပြီ။

ဖယ်ရိုမုန်းတွေ ဒုလိင်မျိုးစိတ်တွေ ပြည့်နှက်နေတဲ့ ထူးဆန်းနေရာတစ်ခုမှာ ABO လောကအကြောင်း ဘာဆိုဘာမှ မသိသေးတဲ့ လော့ကျိုးကျိုးတစ်ယောက် ရနံ့လေးရဲ့ ပိုင်ရှင်ကို ရှာဖို့ လုံးပန်းရတော့တယ်။ တချိန်တည်းမှာပဲ အိုမီဂါသတ်သမားတစ်ယောက်လည်း လွတ်ထွက်နေတယ်တဲ့။

အိုမီဂါတွေ အယ်လ်ဖာတွေဆိုတာ ဘာတွေလဲ။ ကျွန်မျိုးစိတ်တွေလား။ အဲ့ဗိုလ်ချုပ်ချူဖုန်းသာ ဟော့ဒီက ဗန်ပိုင်းယားကို လွှတ်ထားပေးရင် တစ်သက်စာရည်မှန်းချက်လေး သွားဖြည့်ဆည်းနိုင်မယ့်ဟာကို ချီးပဲ။

___

English Translation Team က permission တောင်းစရာမလိုဘူးဆိုလို့ သွားတော့ မတောင်းထားပါဘူး။ (Email တော့ ပို့ အသိပေးထားပါတယ်) E-tran ကနေ ဘာသာပြန်တာမို့ အလွဲအမှားတွေ ဖြစ်ခဲ့သော် လွန်တာရှိ ဝန္တာမိပါ 😗

English Translation ကို https://exiledrebelsscanlations.com/ မှာ ဖတ်လို့ရပါတယ်

ဆယ်ပိုင်းလောက် ဘာသာပြန်ပြီးမှ စ တင်ချင်လို့ တစ်ပတ်ကြာမှ အပိုင်းတစ် upမှာပါ။ အခုကတော့ မိတ်ဆက်တဲ့ စာမြည်းလေးပဲပေါ့လေ : P

spoil ရရင် ဗန်ပိုင်းယား အိုမီဂါလေး နဲ့ အရမ်းချစ်တတ်တဲ့ ဗိုလ်ချုပ် အယ်ဖာကြီး ဇာတ်လမ်းပါ။ Romance သက်သက်ကြီး မဟုတ်ပဲ Action, Mystery, Sci-fi ပေါင်းထားတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Update schedule အတိအကျ မရှိပါ။ Enjoy Reading! <3

___

<Zawgyi>

ဗန္ပိုင္းယားလက္သစ္ေလးတျဖစ္လဲ ေလာ့က်ိဳးက်ိဳးအတြက္ ကိုက္ညီတဲ့ မိတ္ဖက္တစ္ေယာက္ရွာဖို႔ဆိုတာက ဘဝပန္းတိုင္တစ္ခုအျဖစ္ မ်ိဳးရိုးဗီဇထဲမွာကိုက ပါဝင္ၿပီးသားရယ္။ သူ႔မိတ္ဖက္ရဲ့ ေသြးက ကၽြဲေခါင္းသီးေလးလို ရနံ့အျပည့္နဲ႔ ေႏြးေထြးရမယ္။ ေနာက္ၿပီး ခ်ိဳၿမိန္ရမယ္။ ဒါေပမဲ့လည္း ႏွစ္ ႏွစ္ဆယ္ၾကာေအာင္ ရွာေဖြၿပီးေနာက္ ကံမထူးလာတဲ့အခါ ေလာ့က်ိဳးက်ိဳးေလးဟာ စိတ္ဓာတ္က်လာလိုက္တာ ေနာက္ဆုံး သူမသိတဲ့ အခ်ိန္နဲ႔ ကမၻာတစ္ခုကို ေရာက္သြားတဲ့အထိပဲ။

သူ႔ရဲ့ လူသားဘဝ (လူမဟုတ္ပါဘူးဆို ဗန္-ပိုင္း-ယား!) ကို က်င့္သားရဖို႔ ႀကိဳးစားရတာ လြယ္ကူတယ္ေတာ့ မဟုတ္လွဘူး။ ဒါေပမယ့္ မေတာ္တဆ ေဘးရာ့ဒ္နယ္ေျမရဲစခန္းဆီ ေသာင္တင္သြားတဲ့အခါ သူ တစ္သက္လုံး ေတာင့္တခဲ့ရတဲ့ ရနံ့ေလးကို ရွာေတြ႕သြားခဲ့တယ္။

အနံ့တရွိုက္နဲ႔တင္ ဒါ သူ လိုခ်င္ေနခဲ့တဲ့ မိတ္ဖက္မွန္း တန္းသိသြားၿပီ။

ဖယ္ရိုမုန္းေတြ ဒုလိင္မ်ိဳးစိတ္ေတြ ျပည့္ႏွက္ေနတဲ့ ထူးဆန္းေနရာတစ္ခုမွာ ABO ေလာကအေၾကာင္း ဘာဆိုဘာမွ မသိေသးတဲ့ ေလာ့က်ိဳးက်ိဳးတစ္ေယာက္ ရနံ့ေလးရဲ့ ပိုင္ရွင္ကို ရွာဖို႔ လုံးပန္းရေတာ့တယ္။ တခ်ိန္တည္းမွာပဲ အိုမီဂါသတ္သမားတစ္ေယာက္လည္း လြတ္ထြက္ေနတယ္တဲ့။

အိုမီဂါေတြ အယ္လ္ဖာေတြဆိုတာ ဘာေတြလဲ။ ကၽြန္မ်ိဳးစိတ္ေတြလား။ အဲ့ဗိုလ္ခ်ဳပ္ခ်ဴဖုန္းသာ ေဟာ့ဒီက ဗန္ပိုင္းယားကို လႊတ္ထားေပးရင္ တစ္သက္စာရည္မွန္းခ်က္ေလး သြားျဖည့္ဆည္းနိုင္မယ့္ဟာကို ခ်ီးပဲ။

___

English Translation Team က permission ေတာင္းစရာမလိုဘူးဆိုလို႔ သြားေတာ့ မေတာင္းထားပါဘူး။ (Email ေတာ့ ပို႔ အသိေပးထားပါတယ္) E-tran ကေန ဘာသာျပန္တာမို႔ အလြဲအမွားေတြ ျဖစ္ခဲ့ေသာ္ လြန္တာရွိ ဝႏၲာမိပါ 😗

English Translation ကို https://exiledrebelsscanlations.com/ မွာ ဖတ္လို႔ရပါတယ္

ဆယ္ပိုင္းေလာက္ ဘာသာျပန္ၿပီးမွ စ တင္ခ်င္လို႔ တစ္ပတ္ၾကာမွ အပိုင္းတစ္ upမွာပါ။ အခုကေတာ့ မိတ္ဆက္တဲ့ စာျမည္းေလးပဲေပါ့ေလ : P

spoil ရရင္ ဗန္ပိုင္းယား အိုမီဂါေလး နဲ႔ အရမ္းခ်စ္တတ္တဲ့ ဗိုလ္ခ်ဳပ္ အယ္ဖာႀကီး ဇာတ္လမ္းပါ။ Romance သက္သက္ႀကီး မဟုတ္ပဲ Action, Mystery, Sci-fi ေပါင္းထားေတာ့ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ Update schedule အတိအက် မရွိပါ။ Enjoy Reading! <3

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now