( ၅၉ )

10.3K 2K 89
                                    

< Unicode >

အခန်း ( ၅၉ ) - နည်းနည်းကြာကြာ

လော့ကျိုးကျိုး ထျန်းလန်အနားကပ်လာတာကို မြင်ရာ ကိုယ်ကို ပိုကိုင်းချလျက် ဘယ်ဘက်သို့ ရွှေ့ကာ ကောင်တာအောက် ဝင်နေလိုက်သည်။ လက်ထဲတွင်တော့ ကော့တေးထည့်သည့် စတီးခွက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားလေသည်။

သူ ပုန်းနေသော နေရာသို့ ရောက်သော် ခြေသံများတိတ်ကျသွားရာ ထျန်းလန်တစ်ယောက် ကောင်တာရှေ့ ရပ်ကာ အထဲသို့ လှမ်းကြည့်နေမှန်း သိလိုက်ရလေသည်။ လော့ကျိုးကျိုး အသက်ရှုအောင့်လျက် ကော့တေးခွက်ကို ရင်ဘတ်ထဲ တင်းကြပ်စွာ ပိုက်၍ ရှေ့မှ ကြမ်းပြင်ကို တစ်ချက်မလွတ်ရအောင် စိုက်ငေးကြည့်နေမိသည်။ သူ ထျန်းလန်ကို ယှဥ်မချနိုင်မှန်း သိသည်။ သို့ဖြစ်ရာ ထျန်းလန် ကောင်တာကို ပတ်ကာ ဘေးဝင်ပေါက်ကနေ အထဲဝင်လာတာနှင့် လက်ဦးမှုရယူကာ အရင်ချပြီး ပြေးထွက်သွားမည် ဟု တွေးထားသည်။

ချွေးစက်တစ်စက်သည် နဖူးမှတဆင့် မျက်လုံးထဲ စီးကျလာရာ လော့ကျိုးကျိုးမှာ မျက်လုံးစပ်ဖျဥ်းဖျဥ်းဖြစ်သွားရသည်။ သို့သော်ငြား လက်ဖြင့် သုတ်မပစ်ပဲ မျက်တောင်သာ နာနာခတ်လိုက်သည်။

ခြေသံများ ပြန်ပေါ်ထွက်လာလေသည်။ ထျန်းလန် ဘေးဝင်ပေါက်သို့ လျှောက်လာနေခြင်းပါပေ။

လော့ကျိုးကျိုး ပိုက်ထားသော ကော့တေးခွက်ကို ချကာ လုံးဝန်းသည့် အခြေကို အပြင်ဘက်ခြမ်းသို့ လှည့်၍ အသင့်ပြင်ထားလိုက်သည်။

တီ...

ထိုအချိန်တွင် အပေါ်မှ တာမီနယ်အသံထွက်လာ၏။

ထျန်းလန်၏ ခြေလှမ်းများရပ်သွားတော့သည်။

"...ဟုတ် ကျွန်တော်ပါ...မတွေ့ဘူး...လုပ်လိုက်ပါ့မယ်..." ထျန်းလန်သည် တလေးတစား အသံဖြင့် ဖုန်းပြန်ဖြေသည်။ ဖုန်းချပြီးသော် တံတွေးထွေး၍ ဆဲသည် "- ီးလိုပဲ"

ခြေသံများ ပြန်ကြားရကာ ဧည့်ခန်းဘက် ထွက်သွားလေသည်။

လှေကားထစ်များတွင် ဒုန်းခနဲ အသံကြားရာ ထျန်းလန် ဒုတိယထပ်သို့ တက်သွားပုံ ရသည်။ လော့ကျိုးကျိုး တုံ့ဆိုင်းမနေတော့ပဲ ကောင်တာအောက်မှနေ ပြေးထွက်ကာ ေဇာက်ထိုးမိုးမျှော်နေသော ဆိုဖာခုံနောက် ပုန်း၍ ဒုတိယထပ်လှေကားထစ်သို့ ေချာင်းကြည့်လိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now