( ၈ )

14K 2.5K 77
                                    

<Unicode>

အခန်း ( ၈ )   -   အယ်လ်ဖာတစ်ယောက် ရွေး

"ဒါပေမယ့် မင်း ချန်စီဟန်ကို ရွေးလိုက်တာကတော့ မှန်တယ်ပြောရမယ် ဗိုလ်ချုပ်ချူက ချောပေမယ့် တော်ရုံ သွားစလို့ရတဲ့ လူမျိုးမဟုတ်ဘူး" လင်းဖန်က ပြောသည်။ ထို့နောက် အသံကို နိမ့်ချကာ "သူ့ရဲ့ ဗိုလ်ချုပ်ရာထူးကိုတောင် သမ္မတကိုယ်တိုင်က ချီးမြှင့်ထားတာ သမ္မတက သူ့ကို အရမ်းအရေးပေးတာပဲတဲ့" လင်းဖန်က လက်နှစ်ချောင်းထောင်ပြသည် "သူ့ကို ဗိုလ်ချုပ်အဖြစ် ခန့်အပ်ရတဲ့ အကြောင်းက အဓိပ္ပါယ်နှစ်ခု ရှိတယ်တဲ့ ပထမက လျို့ဝှက်မစ်ရှင်တစ်ခုမှာ သူ့ရဲ့ အသင်းဖော်တွေအကုန် အသတ်ခံလိုက်ရပြီး သူတစ်ယောက်ထဲ အသက်ရှင်ကျန်ခဲ့လို့တဲ့ ဒုတိယကကျ အခြားအင်အားစုတွေနဲ့ ယှဥ်ပြိုင်ဖို့ ကျောထောက်နောက်ခံမရှိတဲ့ ရာထူးမြင့်အရာရှိတစ်ယောက်လောက် စစ်တပ်က လိုနေတာမို့တဲ့ ပြည်သူ့နယ်မြေ ဘေးရာ့ဒ်မှာ ကြီးပြင်းလာတဲ့ ဗိုလ်ချုပ်ချူဆိုတော့လည်း သာမာန်ပြည်သူတွေ ကျေနပ်ပြီးသားလည်းဖြစ်သွားတာပေါ့လေ"

လော့ကျိုးကျိုးမှ အံ့အားသင့်ဟန်တစ်ချက်တောင် မပြလာသည်ကို ကြည့်ကာ လင်းဖန်က သုံးသပ်ပြသည် "သူ ဘာမစ်ရှင်တွေလုပ်ခဲ့တယ်ဆိုတာ သိတဲ့သူတစ်ယောက်မှ မရှိဘူး သူ့ အသင်းဖော်တွေ သေရတဲ့ အကြောင်းအရင်းကိုလည်း လူသိရှင်ကြား မထုတ်ပြန်ထားဘူး နောက်ပြီး ကျောထောက်နောက်ခံမရှိဘူးသာ ဆိုတယ် စစ်ဘက်ဌာနက လူအကုန် သူနဲ့အတိုက်အခံမလုပ်ရဲကြဘူးတဲ့ နားလည်ပြီလား" လင်းဖန်က အသံတိုးတိုးဖြင့် "ဒီလူက အရမ်းကို သိုသိပ်တာ သူ့လုပ်နည်းတွေကလည်း ရက်စက်တယ် သူနဲ့ ပြဿနာတက်တဲ့လူတွေအားလုံး အကောင်းတိုင်း ပြန်မလာဘူးဆိုပဲ လော့ကျိုးကျိုး ငါတော့ မင်း ချန်စီဟန်ကို ရွေးတာမှန်တယ်လို့ ထင်တယ် ဗိုလ်ချုပ်ချူက အဝေးကပဲ ေငးမော်ကြည့်ရမယ့် လူမျိုး သူ့ နားသွားကပ်လို့တော့ မရဘူး" လင်းဖန်က ပခုံးတွန့်ပြသည်။

ထို့နောက် နှမြောတသဖြင့် ဆိုလေသည် "အဲ့ဒါတွေကြောင့်သာမဟုတ်ရင် ငါလည်း အခြားအိုမီဂါလိုပဲ သူ့ကို အရူးအမူးလိုက်မိမှာ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now