( ၄ )

18.6K 2.6K 149
                                    

<Unicode>

အခန်း ( ၄ ) - ကျွန်တော် အခေါင်းတစ်လုံး လိုချင်တယ်

လော့ကျိုးကျိုးသည် ရဲစခန်းအပြင်ဘက်ရှိ ခုံတန်းလျားတွင် ထိုင်ကာ လှေကားအောက်ခြေမှ အလှပန်းခြုံများကို ငေးမောကြည့်လျက် ရှိနေသည်။ သူ့ကို လာကြိုသော လက်ထောက်ချင်မှာတော့ စခန်းထဲတွင် စာရွက်စာတမ်းကိစ္စများ ကိုင်တွယ်နေရသည်။

"လော့ကျိုးကျိုးတစ်ယောက် ဒုက္ခတွေပေးမိပြီ ထင်တယ်" လက်ထောက်ချင်သည် နောက်ဆုံးသော ဖောင်ကို ဖြည့်စွက်ပြီးနောက် ရှေ့မှ ရဲကြပ်ကို ကြည့်၍ ဆိုသည်။

"မဟုတ်တာ သခင်လေးလော့က လိမ္မာပါတယ်" ရဲကြပ်သည် လန့်ဖြန့်သွားပုံရကာ လက်ထောက်ချင် အပြင်ထွက်သွားသည်နှင့် မှန်တံခါးကို အလျင်အမြန်ပင် ဆွဲပိတ်လိုက်တော့သည်။

လက်ထောက်ချင်သည် စခန်းအပြင်ရောက်သော် ဟိုသည်ကြည့်ကာ လော့ကျိုးကျိုးဆီ လျှောက်လာပြီးနောက် သက်ပြင်းပူမှုတ်ထုတ်သည် "သခင်လေးလော့ ပြန်ရအောင်"

မပြန်ချင်ပါဟု အငြင်းခံရတော့မည် ထင်ထားခဲ့သော်လည်း လော့ကျိုးကျိုးသည် ခုခံခြင်းမရှိစွာ ကားပါကင်သို့ လိုက်လာသည်။

အနက်ရောင်မော်တော်ယာဥ်လေးသည် စက်နှိုးပြီးနောက် ရဲများစွာ၏ အကြည့်တို့အောက်မှာပင် စခန်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။

လက်ထောက်ချင်သည် တိတ်ဆိတ်စွာ ကားမောင်းခြင်းအမှု ပြု၏။ လော့ကျိုးကျိုးမှာမူ တစ်ညတာဖြစ်ရပ်များအပြီး ခြေကုန်လက်ပန်းကျသွားသည့်အလား ထိုင်ခုံနောက်ကျော မှီနားကာ မှန်အပြင်ဘက် လိုက်မကြည့်တော့။ သူ ရှာနေခဲ့ရသူသည် အလေရှာတွင် ဖြစ်သည်။ ဤခရိုင်မြေမှာ ယခင်လို သူ့အတွက် ငရဲဘုံမဟုတ်တော့။

ချန်စီဟန်.....

အနှီနာမည်လေးကို အတွေးရောက်မိတော့ အိပ်ချင်စိတ်များ ပြေပျောက်ကာ စိတ်လှုပ်ရှားလာရသည်။

ချန်စီဟန် ချန်စီဟန်၊ ထပ်ဖန်တလဲလဲ မမောစတမ်း နာမည်လေးကို တမြတ်တနိုး ရေရွတ်မိသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now