( ၅၆ )

11.5K 2.1K 76
                                    

< Unicode >

အခန်း ( ၅၆ ) - ကျိုးကျိုးကို စောင့်ရှောက်ပေးပါ

လော့ကျိုးကျိုးသည် မြတ်နိုးလေးကို လက်တစ်ဖက်တွင် ကိုင်၍ ကျန်လက်ဖြင့် လိပ်များ ထည့်ထားသော ဘူးကို သယ်ရင်း ဘတ်စ်ကားမှတ်တိုင်ဆီ လျှောက်ခဲ့သည်။ အနောက်တွင်တော့ အိမ်တော်ထိန်းလီသည် ခရီးဆောင်သေတ္တာကို ဆွဲလျက် လိုက်ပါလာသည်။ ဆောင်းရာသီနှောင်းပြီမို့ ဗီလာအနား လမ်းများပေါ်တွင် လူသွားလူလာများ မရှိတော့။ လမ်းမီးတိုင်များက လော့ကျိုးကျိုး နှင့် အိမ်တော်ထိန်းလီတို့အပေါ် အရိပ်ဖြာကျနေလေသည်။

လော့ကျိုးကျိုး လမ်းလျှောက်ရပ်ပြီး ဗိုလ်ချုပ်အိမ်ရာဆီ ပြန်လည်ကြည့်လိုက်သည်။ ဗိုလ်ချုပ်အိမ်တော်ရာသည် အမှောင်ထဲ ပုန်းကွယ်နေလျက် ဒုတိယအလွှာမှ အခန်းတစ်ခန်းသာ ပုဇွန်ဆီရောင် မီးလင်းနေသည်။ အခန်းပြတင်းပေါက်သည် ပွင့်ဟနေကာ လူနှစ်ဦးက လော့ကျိုးကျိုးကို လှမ်းကြည့်နေချေသည်။

ထိုလူများသည် လော့ပေ နှင့် လင်ဒါတို့မှန်း လော့ကျိုးကျိုး သိပါ၏။

သူ ရပ်ပြီး ဗီလာဘက် ပြန်ကြည့်နေသည်ကို မြင်ရာ ပြတင်းပေါက်နားမှ လူက နောက်ဆုတ်ပြီး လိုက်ကာချလိုက်သည်။ ရှေ့ရောက်သွားသော အိမ်တော်ထိန်းလီသည် လူငယ်လေး နောက်တွင် ပါမလာကြောင်း သတိပြုမိသွားရာ လှည့်မေးသည် "သခင်လေး ဘာဖြစ်လို့လဲ"

"ဗိုလ်ချုပ်က ကျွန်တော့်ကို ရုတ်တရက်ကြီး ချူဖုန်းနဲ့ ဘာလို့ သွားနေခိုင်းတာလဲဆိုတာ သိလား"

အိမ်တော်ထိန်းလီသည် မျက်နှာအမူအယာ ကင်းမဲ့စွာပင် ဖြေသည် "သခင်လေး ... အများကြီး မတွေးပါနဲ့ ... ဗိုလ်ချုပ်က သခင်လေးကို အခြားလူတွေနဲ့ကျ စိတ်မချဘူးလေ ... ချူဖုန်းကျ စစ်တပ်ထဲ အတူတူတွေ ... နောက်ပြီး ဗိုလ်ချုပ်ရာထူးလည်း ရှိထားတာဆိုတော့ သခင်လေးအပေါ် မဟုတ်မမှန် မလုပ်မှန်း သူ သိတယ်လေ ... ဒါကြောင့် အတူသွားနေခိုင်းတာပါ"

လော့ကျိုးကျိုး တုံ့ဆိုင်းစွာ မေးသည် "ဗိုလ်ချုပ် ဘာမှ မဖြစ်ပါဘူးနော်?"

"မဖြစ်ပါဘူး" အိမ်တော်ထိန်းလီက စိုက်ကြည့်ပြီး ဖြေသည်။

လော့ကျိုးကျိုးသည် ထိုစကားများ ကြားသော်ငြား စိတ်မချနိုင်သေးကာ စိုးရိမ်စွာ ခေါင်းငိုက်စိုက်ချ၍ ရှေ့ဆက်လျှောက်ခဲ့သည်။ နောက်တွင်မူ အိမ်တော်ထိန်းလီသည် လူငယ်လေးကျောပြင်ကို ကြည့်လျက် သက်ပြင်းဖွဖွချသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now