( ၈၅ )

11.7K 2.1K 123
                                    

< Unicode >

အခန်း ( ၈၅ ) - သိပါပြီ သိပါပြီ

ကယ်လ်ဂါသည် VIP နားနေခန်းပြတင်းပေါက်ရှေ့တွင် ရပ်ရင်း ဆင်ခြေဖုံးဘက်သို့ လှမ်းကြည့်နေလေသည်။

ရံဖန်ရံခါများတွင် လေဆာမီးအလင်းတန်း ဖြတ်ပြေးသွားတတ်ရာ သူမျက်စိမှိတ်လိုက်ရသည်။ အချိန်ကား မွန်းလွဲပြီဆိုသော်ငြား အရွေးကောက်ခံမည့် သမ္မတလောင်းများ နာရီပိုင်းအတွင်း မိန့်ခွန်းပြောကြတော့မည်မို့ ရင်ပြင်တစ်ခုလုံး ထိန်လင်း၍ အကျော်ဇေယျများ အသံပိုင်း အင်ဂျင်နီယာတို့ကလည်း နောက်ဆုံးတစ်ကြိမ် အဖန်ဖန်စစ်ဆေးလေ့ကျင့်နေကြသည်။

အစောကြီးတည်းက ရောက်နေကြသော ပြည်သူများကမူ ရင်ပြင်တွင် ထိုင်ကာ စိတ်လှုပ်ရှားစွာ ဆွေးနွေးငြင်းခုံနေကြသည်။ ခေါက်သံနှစ်ချက်နှင့်အတူ တံခါးပွင့်လာပြီးနောက် ဝေလ်ဆင်က အလောတလျင်ဝင်ချလာ၏ "အရှင်မြတ်!"

ကယ်လ်ဂါက မျက်မှောင်ကုတ်ကာ "ဘာတွေဘယ်လို ရေးကြီးသုတ်ပျာဖြစ်နေတာလဲ"

ဝေလ်ဆင်က အခန်းအလယ်တွင် ရပ်ကာ ခပ်ဖျော့ဖျော့ပြောသည် "အရှင်မြတ် ကျွန်တော်တို့ ပို့လိုက်တဲ့ လူတွေအကုန် မစ်ရှင်မအောင်မြင်ခဲ့ဘူး"

ကယ်လ်ဂါက ဘာမျှ မပြောသော်ငြား နောက်လှည့်ကြည့်လာရာ မျက်လုံးတို့က ထိုင်းမှိုင်းနေကြသည်။

ဝေလ်ဆင်မှာ ရင်ထဲ တုန်ယင်လာရကာ အမြန်ခေါင်းငုံ့ချလိုက်မိသည်။

အတန်ကြာမှ ကယ်လ်ဂါက လှောင်ရယ်၍ ဆိုသည် "ချူဖုန်းက အရင်တုန်းက အထူးတပ်ဖွဲ့သားတစ်ဦးဖြစ်ခဲ့တာပဲ ရှိတယ်။ ဘန်ဇီဒရင်းလည်း သုံးမရတော့တဲ့ လူတစ်ယောက်။ ဒီလူတွေက စစ်ရေးလေ့ကျင့်မှုမရှိခဲ့လို့လား ဒါမှမဟုတ် တကယ်ညံ့ဖျင်းလို့လားပဲ"

ဝေလ်ဆင်က ခေါင်းငုံ့ထားမြဲအတိုင်း စကားမဆို။

ကယ်လ်ဂါက သူ့ကို ကြည့်၍ မေးသည် "မိန့်ခွန်းပြောမယ့် အချိန်ကျမှ တစ်ခုခုဖြစ်လာရင် ဘယ်လို လုပ်မှာလဲ"

"campaign အတွင်းမှာ လစ်ဟာမှု မရှိရအောင်လို့ ကျွန်တော် လုံခြုံရေးပိုတင်းကြပ်ထားလိုက်ပါ့မယ်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now