( ၂၇ )

13.6K 2.3K 15
                                    

<Unicode>

အခန်း ( ၂၇ ) - မင်းကို ကစားဖို့ ခေါ်သွားမယ်

ချူဖုန်းက ရယ်သည်။ ပြီးနောက် ပြောလာသည် "လော့ကျိုးကျိုး မင်းကို ဒီနေ့ အားလားလို့ မေးခွင့်ရှိမလား"

လော့ကျိုးကျိုးက ဆိုသည် "ခင်ဗျား တာမီနယ်ထဲမှာ ပြောတော့ နောက်ရက်ပိုင်းထဲ ကျွန်တော့်ကို ကစားဖို့ ခေါ်သွားမယ်ဆို ခု နောက်ရက်ပိုင်း ရောက်နေပြီလေ"

ချူဖုန်းသည် လက်ဆန့်ထုတ်၍ သူ့ခေါင်းကို ဖွလိုက်ကာ ကားတံခါးဖွင့်ပေးပြီး ပြောသည် "တက်"

ကားထဲ ဝင်ထိုင်ပြီးသော် လော့ကျိုးကျိုးသည် ခါးပတ်ပတ်လိုက်ကာ မထုံတက်တေးရုပ်ဖြင့် ပြတင်းမှန်အပြင်ဘက် ငေးကြည့်နေချေသည်။ ဆန့်ထားသော ခြေနှစ်ချောင်းကား အထက်အောက် တဆတ်ဆတ်လှုပ်လျက် မည်မျှ စိတ်ရွှင်နေကြောင်း ဖော်ပြနေ၏။

"ဘာလို့ ဒီနေရာမှာ ကားလာရပ်ထားတာလဲ ခင်ဗျားတို့ လူတွေ စစ်ရေးရာဘက် ထွက်သွားကြတယ် မဟုတ်ဘူးလား" လော့ကျိုးကျိုးသည် အရေးမပါသလို ပုံစံထုတ်၍ မေးလိုက်သည်။ နားများကမူ ချူဖုန်းဘက် အာရုံစိုက်စွင့်လျက် ခြေထောက်တို့သည် လှုပ်ရှားမှု ရပ်သွားကြသည်။

ချူဖုန်းသည် ကားစက်နှိုးလိုက်ကာ "ကိုယ် မင်းကို စောင့်နေတာ"

လော့ကျိုးကျိုးသည် မြူးတူးသွားရကာ ခြေထောက်များမှာလည်း တဆတ်ဆတ်နှင့် ဂဏာမငြိမ်စွာ ပြန်လှုပ်ချေတော့သည်။

ချူဖုန်းသည် သူ့ခြေထောက်များကို ကြည့်ကာ ခပ်ပါးပါး ပြုံးယောင်သန်းသွားသည်။

"အခု ဘယ်သွားမလို့လဲ" လော့ကျိုးကျိုးက မေးသည်။

ချူဖုန်းသည် စစ်ဘက်အဆောက်အအုံ ဂိတ်ပေါက်မှ ကားကို မောင်းထွက်ရင်း ဖြေသည် "ညစာ သွားစားကြမယ်"

"အရင်တခေါက်က ခရမ်းချဥ်သီးကြက်ဥခေါက်ဆွဲလား"

ချူဖုန်းက ပြုံးသည် "ဒီနေ့ အခြားတစ်နေရာ ခေါ်သွားမယ်"

အထပ်မြင့်အဆောက်အဦးတစ်ခုရှေ့တွင် ဘေးတစောင်းရပ်ပြီးနောက် ချူဖုန်းသည် ကားထဲမှ ထွက်ကာ ပါစင်ဂျာတံခါးအား လာဖွင့်ပေးသည်။ လော့ကျိုးကျိုးက ကားထဲမှ ထွက်ပြီးသော် ချူဖုန်းသည် ပါကင်ထိုးရန် ကားသော့အား တံခါးစောင့်ထံသို့ ပစ်ပေးလိုက်ကာ နောက်လှည့်၍ ပြောသည် "သွားကြမယ်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now