( ၅၄ )

11.4K 2.2K 61
                                    

< Unicode >

အခန်း ( ၅၄ ) - နမ်းခွင့် ပေး

လော့ပေမှ ဟိန်းဟောက်ပြီး ဖုန်းချသွားသောအခါ ချူဖုန်းက ချန်စီဟန်ဘက် လှည့်ပြောလိုက်ချေသည် "သူ့ကို အခု ပြန်ပို့ပေးလိုက်တော့"

ချန်စီဟန် ကားသော့များ လှည့်ကစားရင်း ဆိုသည် "အမြှီးလေး သွားကြမယ်"

လော့ကျိုးကျိုး နှေးကွေးစွာ ကုတ်အင်္ကျီနှင့် ဖိနပ်တို့ ဝတ်ပြီး ဖိနပ်ကြိုးများကို ေလးလေးလံလံဖြင့် ချည်နေလိုက်သည်။ ချူဖုန်းမှ စောင်ဖယ်ပြီး ကူဖို့ ထလာမှသာ အမြန်လက်စသတ်ပြီး မတ်မတ်ရပ်ကာ အပြင်ထွက်ရင်း ပြောလေသည် "အာ့ဆို မနက်ဖြန်မှပဲ လာတွေ့မယ်နော်"

"ကိုယ် ခဏနေရင် အိမ်ပြန်တော့မှာ မနက်ဖြန် လာကြိုမယ်လေ"

"အဆင်ပြေလို့လား ဆေးရုံမှာ နှစ်ရက်လောက် နားလိုက်ပါလား" လော့ကျိုးကျိုး စိုးရိမ်မိစွာ ဆိုသည်။

ချူဖုန်းက ပြုံးကာ "အဆင်ပြေပါတယ် ဒေါက်တာက ကိုယ်တို့နှစ်ယောက်လုံးကို နလန်ပြန်ထူတဲ့ ဖြည့်စွက်ဆေး ပေးထားတော့ အားမကျတော့ဘူး"

"ကျွန်တော့်ကို လာမကြိုနဲ့ ကျွန်တော် လာခဲ့မယ်"

ချန်စီဟန်က တံခါးဝတွင် ရပ်လျက် ကူရာမဲ့စွာ ပြောလာသည် "သွားမယ် သွားမယ် မင်းတို့နှစ်ယောက် တာ့တာလေး ပြောဖို့ ဘယ်လောက် အချိန်ဆွဲနေဦးမှာလဲ တစ်ညလောက်ပဲ မတွေ့ရမှာကို"

လော့ကျိုးကျိုး တံခါးဝဆီ ေလျှာက်သွားပြီး ချူဖုန်းကို လက်ပြလိုက်သည်။

ချန်စီဟန်က လော့ကျိုးကျိုးအား ဗိုလ်ချုပ်အိမ်တော်ရာအဝတွင် ချပေးခဲ့ကာ ချူဖုန်းကို ဆေးရုံတွင် ကူပေးဖို့ ပြန်သွားလေသည်။ လော့ကျိုးကျိုးက ဗီလာအိမ်ထဲမှ ပျံ့ထွက်လာသော အလင်းရောင်ကို ကြည့်ကာ ဆွယ်တာကော်လံကို ဖြောင့်နေအောင် ထောင်ပြီး လည်ပင်းပေါ်မှ ဒဏ်ရာတို့ကို ဖုံးလိုက်ပေသည်။ ပြီးနောက် တံခါးတွန်းဖွင့်ကာ အထဲဝင်လာခဲ့သည်။

ဗီလာမြေညီထပ်မှ ခမ်းနားသော ဧည့်ခန်းကြီးသည် အလင်းများ ထိန်နေသော်ငြား ပုံမှန်လို ဒီအချိန် ဖွင့်နေကျ တီဗီမှ သတင်းကြေညာသံများတော့ ရှိမနေ။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now