( ၈၂ )

10.7K 2.1K 95
                                    

< Unicode >

အခန်း ( ၈၂ ) - မြန်မြန်ကြီးပြင်းလာခဲ့နော် ကျိုးကျိုး

ချူဖုန်းသည် မီးခံသေတ္တာကို တွေ့သောအခါ လော့ကျိုးကျိုးကို ဆွဲဖက်၍ ပါးပြင်ပေါ် အာဘွားကြီးကြီး နှစ်ချက်ခြွေလိုက်သည် "ကျိုးကျိုး မင်းက တကယ့် အံ့ချီးဖွယ်ရာလေးပဲ"

လော့ကျိုးကျိုးသည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာနီစွေးသွားတော့ကာ ပျော်ရွှင်စွာ ဆိုလေသည် "ကျွန်တော် တကယ်တော်တာပဲနော်"

သူ ကျန်ပါးတစ်ဖက်ကို ထိုးပေးလိုက်ကာ "ဒီဘက်ရောပဲ"

ထိုပါးတစ်ဖက်တွင်ပါ အနမ်းရပြီးသော် ချူဖုန်း မီးခံသေတ္တာထဲ ကြည့်နိုင်ရန် သူ ဘေးဖယ်ပေးနေလိုက်သည်။

ချူဖုန်းက မျက်မှောင်ကုတ်ကာ "ဒါက စစ်တပ်သုံးမီးခံသေတ္တာမျိုးပဲ။ လျို့ဝှက်ကုတ် သုံးခါမှားထည့်တာနဲ့ အထဲက ပစ္စည်းတွေကို အော်တိုဖျက်ဆီးပစ်မှာ" ပြီးနောက် ဇက်ကို ကိုင်းကာ ခြေနှစ်လှမ်းခန့် ရှေ့တိုးကြည့်၍ ဆိုသည် "ကြည့်ကြရအောင်။ လျို့ဝှက်နံပါတ်နံပါတ်များ-"

သူ စကားမဆုံးခင်မှာပင် သေတ္တာအပေါ်မှ စကန်ဖတ်စက်လေးက မီးစိမ်းလင်းသွားကာ ချပ်ခနဲပင် တံခါးပွင့်လာတော့သည် "အာ တံခါးပွင့်သွားပြီ"

လော့ကျိုးကျိုးက အံ့အားတသင့်ဖြင့် ချူဖုန်းကို ကြည့်သည်။

ချူဖုန်းမှာလည်း ကြက်သေသေသွားရကာ ပြန်သတိကပ်သော် အံသြတကြီးဖြင့် ဆိုသည် "ဗိုလ်ချုပ်လော့က ကိုယ့် ကိုယ်ရေးအချက်အလက်တွေများ စက်ထဲ ထည့်ပေးထားတာလား"

"ဗိုလ်ချုပ်က အရမ်းတော်တာပဲ။ ခင်ဗျား လာယူမှာလို့ သူ သိနေတာလား" လော့ကျိုးကျိုးက မေး၏။

ချူဖုန်းသည် နှစ်စက္ကန့်မျှ စဉ်းစားကြည့်ပြီးနောက် သက်ပြင်းချကာ ပြုံးသည် "သူက အာဂလူပဲ"

"ခင်ဗျားလည်း တော်တာပါပဲ။ ကျွန်တော်တို့မိသားစုတစ်ခုလုံး တော်တယ်"

"အင်း ကိုယ်တို့မိသားစုက တကယ်မိုက်တယ်"

လော့ကျိုးကျိုးသည် တက်ကြွစွာပင် မီးခံသေတ္တာကို ကြည့်၍ လောဆော်သည် "ကြည့်ရအောင်။ အထဲမှာ ဘာရှိနေတာလဲလို့"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now