( ၂၂ )

12.8K 2.5K 79
                                    

<Unicode>

အခန်း ( ၂၂ ) - ကျိုးကျိုး ကိုယ့်ကို လွှတ်

လော့ကျိုးကျိုးသည် စကားအဆုံးသတ်ပြီးတာနှင့် လူကို ထောင်မ ပေးထားခဲ့သော စိတ်ဇောအဟုန်မှာ ပြိုလဲကျကုန်သည့်အလား ပျော့ခွေသွားတော့သည်။

ချူဖုန်းသည် တစ်ဖက်လူကို ထူပေးပြီးနောက် ရင်ခွင်ထဲ ပိုက်ပွေ့ထားလိုက်သည်။

"ပူတယ်...အရမ်းပူတာပဲ" ချူဖုန်း၏ ရင်ဘတ်ပေါ် မှီချကာ လော့ကျိုးကျိုးသည် ပါးစပ်ဖွင့်ဟလျက် အသက်ကို အမောတကော အပြင်းအထန် ရှုနေရသည်။ နေရခက်လွန်းသဖြင့် ထိန်းချုပ်မရအောင် ပိုးပိုးပေါက်ပေါက်ကျမိသော မျက်ရည်စက်များသည် ပါးပြင်ထက် ဖြတ်သန်းကာ မေးစေ့တွင် သွားရောက်တွဲလွဲခိုကြကုန်သည်။

"ရှုး မဟုတ်တာတွေ အဆင်ပြေသွားမှာ ပြန်နေကောင်းသွားမှာ" ချူဖုန်းသည် လော့ကျိုကျိုး၏ ခေါင်းပေါ် မေးတင်လျက် ကျောပြင်ကို ဖွဖွလေးပုတ်ရင်း နှစ်သိမ့်စကားဆိုသည်။

"ကျွန်တော် သေတော့မယ် ထင်တယ် ကျွန်တော် သေရတော့မှာလားဟင်" လော့ကျိုးကျိုးသည် အင်္ကျီကော်လာအား ဆုပ်ကိုင်ရင်း မေးလာသည်။ ကော်လံကို တင်းကြပ်စွာ ဖိခြေဆုပ်ထားသည်မှာ လက်ဆစ်များပါ သွေးရောင်ပျောက်လျက် ဖြူသန်းလာသည့် အထိပင်။ ပြီးနောက် အသဲမကွဲအသံဖြင့် ရှိုက်ငိုရင်း ပြောသည် "သူ့ကို ကိုက်မှဖြစ်မယ် မကိုက်ရရင် ကျွန်တော်သေမှာ ကျွန်တော် မသေချင်ဘူး"

ချူဖုန်းသည် စိတ်ရှည်ရှည်ပင် မျက်လုံးမ​ျားကို မှေးပိတ်လျက် နဖူးတွင်တော့ ချွေးစီးချွေးပေါက်များ ဖြိုင်ကျနေသည်။ သို့သည့်တိုင် လေသံကမူ နူးညံ့လေးနက်၍ နေ၏ "မသေပါဘူး ကျိုးကျိုးရဲ့ ဆေးသောက်ပြီးရင် သက်သာသွားမှာ ထိန်းဆေးတွေရော ဘယ်ထဲထည့်ထားလဲ အင်္ကျီအိတ်ထဲမှာလား ကျောပိုးအိတ်ထဲမှာလား၊ ဟင်?"

အသက်ပြည့်ပြီးသော အမှတ်အသားမရှိသေးသူ အိုမီဂါများသည် ဘယ်သွားသွား အိုမီဂါအထူးပြုထိန်းဆေးကို လိုရမယ်ရ ဆောင်ထားတတ်ကြသည်။

လော့ကျိုးကျိုးသည် ချူဖုန်းစကားကို နားမလည်နိုင်ပေ။ ရနံ့မှာလည်း ပိုမိုအားကောင်းလာလျက် အခြားဘာကိုမျှ မစဥ်းစားနိုင်လောက်အောင် သူ၏ အတွေးစဥ်များကို အနှောင့်အယှက်ပေးနေလေသည်။ ချူဖုန်း ခန္ဓာကိုယ်သည် နွေးထွေးလွန်းလှကာ လော့ကျိုးကျိုးသည် တစ်ဖက်လူ၏ သန်မာသော လက်မောင်းများဖြင့် ထွေးပွေ့ခံထားရခြင်းအပေါ် သက်တောင့်သက်သာဖြစ်မိသည်။ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများမှာ မိမိကျောပေါ်တွင် အုပ်တင်ထားသော ချူဖုန်း၏ လက်အောက်၌ ပျောက်ကွယ်သွားကြသလိုပင်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now