( ၇၂ )

10.4K 2K 46
                                    

< Unicode >

အခန်း ( ၇၂ ) - ချုပ်နှောင်ခံထားရသော အမ်မြူရယ်

လော့ကျိုးကျိုး သုတေသနကျောင်းထဲမှ ခုံတန်းရှည်တွင် ထိုင်၍ ဒေတာနှစ်ခုကို ယှဥ်နေချိန်တွင် ချူဖုန်းသည် ဘေးတွင် နှုတ်ဆိတ်ကာ အတူထိုင်နေပေးလေသည်။ လွန်ခဲ့သော နှစ်ရက်မှ စတင်ကာ မူးဝေခြင်း၊ နားအူခြင်းများ ပျောက်ကွယ်သွားခဲ့သော်ငြား ဤသည်က ကောင်းမွန်သော ကိစ္စရပ်မဟုတ်မှန်း သူ သိသည်။ ထိုလက္ခဏာများ ပျောက်ကွယ်သွားခြင်းသည် လော့ကျိုးကျိုး ဆည်းဆာမျက်နှာရောဂါ၏ အလယ်အလတ်အဆင့်သို့ ဝင်ရောက်လာပြီ ဟု ပြသနေခြင်းဖြစ်ကာ ထိုအဆင့်တွင် သူ၏ ပုံပန်းသွင်ပြင်၊ ဇီဝကမ္မလုပ်ဆောင်ချက်များ တစ်နည်းဆိုရလျှင် ဆဲလ်များအားလုံးပဲ အရှိန်လျင်မြန်စွာ အိုမင်းလာတော့မည်ဖြစ်၏။

ချူဖုန်း၏ နူးညံ့သော အကြည့်က လော့ကျိုးကျိုး၏ အာရုံကို ဖမ်းစားသွားရကာ သူ ဖတ်လက်စကို ချ၍ မေးလိုက်သည် "ဘာလို့ ကျွန်တော့်ကို အဲ့လို ကြည့်နေတာလဲ"

"ကိုယ် စဥ်းစားနေတာ ... မင်းသာ အဖိုးအိုလေးဖြစ်လာရင် အလှဆုံး အဖိုးအိုလေး ဖြစ်နေမှာပဲဆိုပြီး" ချူဖုန်းက ပြုံးစစဖြင့် ဆိုသည်။

လော့ကျိုးကျိုးသည် ချူဖုန်းပေါင်ပေါ် တက်ခွထိုင်ကာ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပြောချေသည် "ကျွန်တော် ဟိုအပြာနုရောင် ဝှီးချဲလေးမျိုး လိုချင်တယ်။ အပေါ်မှာ ရောင်စုံထီးတစ်လက်နဲ့ နောက်မှာကျ အရုပ်တွေ ချိတ်ထားတဲ့ ဝှီးချဲလေ"

လော့ကျိုးကျိုး အလုပ်လာရင်း လမ်းတွင် လူတစ်ဦးမှ ထိုဝှီးချဲလေးကို တွန်းနေခဲ့ပုံကို မြင်ရာ အကြည့်တို့က ကော်လို မြဲမြံကာ မခွာနိုင်ခဲ့။

"ဒါပေမဲ့ မနေ့က ပြောတုန်းကကျ ဝက်ဝံလေးတွေပါ ထည့်လို့ရအောင် ခြင်းတောင်းပါတဲ့ ဝှီးချဲလိုချင်တယ်ဆို။ ကျီးကိုကြီးနဲ့ ကျီးညီလေးတို့ကိုလည်း ထည့်ချင်တယ်ဆို" ချူဖုန်းက သတိပေးသည်။

လော့ကျိုးကျိုး ပြန်သတိရသွားကာ နှမြောတသဖြင့် ဆိုသည် "အာ...ဟုတ်သား။ ခင်ဗျား ကျွန်တော့်ကို နေပူစာလှုံဖို့ အပြင်လိုက်ပို့ပေးရင် သူတို့ပါ ခေါ်ခဲ့မှရမှာပေါ့"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now