( ၃၈ )

12.8K 2.4K 117
                                    

< Unicode >

အခန်း ( ၃၈ ) - မင်းကိုယ်မင်း ချီးကျူးပေး

လော့ကျိုးကျိုးမှ ပါစင်ဂျာခုံထဲ ဝင်ထိုင်လိုက်တာနှင့် ပြိုင်ကားလေးသည် မြို့ထဲမှ ထွက်ကာ ဟိုင်းဝေးလမ်းမကြီးထက် တက်လာခဲ့တော့သည်။ ဤသည်ကား ပြိုင်ကားစီးဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ပါ၏။ သို့ဖြစ်ရာ အငြိမ်မနေနိုင်စွာ ဟိုလျှောက်ကြည့်သည်လျှောက်ကြည့်နှင့် အကုန်ကိုင်ကြည့်၍ မေးသည် "ပုံမှန်ဆို ဘာလို့ ဒီကားကို မမောင်းတာလဲ"

"ကားကို သဘောကျလို့လား" ချူဖုန်းသည် မျက်လုံးများ ကျဥ်းမြောင်းကာ ရှေ့လမ်းမကိုသာ ကြည့်နေသည်။

လော့ကျိုးကျိုးသည် စဥ်းစားကြည့်ပြီးနောက် ဖြေသည် "သဘောကျတယ် ဒါပေမဲ့ အဆွဲခံသွားရတဲ့ ကားကို ပိုသဘောကျတယ်"

"ဘာလို့လဲ"

လော့ကျိုးကျိုးသည် ထိုကားထဲတွင် သူ အမှတ်အသားပြုထားသော ဗန်ပိုင်းယားလေး ရှိနေကာ နှလုံးသားထဲတွင်လည်း ထိုနေရာအား မိမိမူပိုင်ဟု သတ်မှတ်ထားကြောင်း ထုတ်ပြောရန် ရှက်မိရာ အဖြေမပေးပဲ နှုတ်ခမ်းကိုသာ ဖိကိုက်၍ အပြင်ဘက် ငေးကြည့်နေလိုက်တော့သည်။

ချူဖုန်းက ပြုံး၍ မေးခွန်းဆက်မထုတ်တော့။

နာရီဝက်မျှကြာသောအခါ ကားလေးသည် ဖေးလ်မြစ်ကို သွယ်တန်းထားသော ကြိုးတံတားပေါ် ဖြတ်ကာ အလေရှာခရိုင်အစွန်ဘက်မှ ပင်းအန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ထိုဧရိယာမှာ အတော်ပင် ကျယ်ပြန့်ကာ စက်ရုံများစွာဖြင့် ပြည့်နှက်လျက်  မြို့ထဲရှိ အလုပ်သမားအတော်များများမှာ အိမ်ငှားနေကြသည်။ အလုပ်သမားအများစုမှာ ဘေးရာ့ဒ်မှ ဖြစ်ကာ အလုပ်ပြီးချိန်တွင် စိတ်အပန်းပြေစရာဟူ၍ အရက်သောက်ဖို့သာရှိသဖြင့် အဆင့်နိမ့်ဘားလေးများစွာ မွစိတက်နေသည်။

လင်းဝမ်ချိုင် အလုပ်ဝင်လုပ်ခဲ့သော မီးလျှံနက်ဘားသည်လည်း တစ်ခုအပါအဝင်ပင်။

"ကိုယ့်ကို ကားထဲမှာ စောင့်နေ ကိုယ် မေးခွန်းနည်းနည်း သွားမေးပြီးရင် ပြန်ထွက်လာခဲ့မယ်" မီးလျှံနက်ဘားရှေ့တွင် ကားရပ်ပြီးသော် ချူဖုန်းသည် ကားထဲမှ ထွက်ကာ ခြေလှမ်းအနည်းငယ် လှမ်း၍ ကားရှေ့ရောက်ပြီးမှ ပြန်လှည့်လာလျက် ပါစင်ဂျာတံခါးပြတင်းမှန်ကို လာခေါက်လေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now