( ၁၅ )

13.5K 2.4K 67
                                    

<Unicode>

အခန်း ( ၁၅ )  -  အိုမီဂါငယ်နှစ်ဦး

လော့ကျိုးကျိုးမှာ နှလုံးခုန်ရပ်မတတ်ဖြစ်သွားရကာ ဆိုလိုက်သည် "ဘယ်လိုလုပ် ဒီမှာခုထိ ရှိနေသေးရတာလဲ" ထို့နောက် ချီဖန်း၏ မျက်နှာမှ ဒေါသမီးလျှံများကို မြင်ရာ အမြန်ဖြည့်စွက်သည် "ကျွန်တော် ဘာမှ မမြင်ဘူးနော်"

ချီဖန်းက အံ့ကြိတ်ကာ မေးခွန်းထုတ်သည် "မင်းကို ဖိုင်တွေ သွားပို့ခိုင်းလိုက်တာ ဘာလို့ ဒီရောက်နေတာလဲ"

"ဟုတ် ကျွန်တော်လည်း ဒီကို ဖိုင်လာပို့တာပါပဲ" လော့ကျိုးကျိုးက ဖြေသည်။

"ဖိုင်လေဘယ်လ်ပေါ်က လိပ်စာက ရောဂါကေ့စ်ဌာနလို့များ ပြောထားလို့လား" ချီဖန်းက အံပြင်းပြင်းကြိတ်ကာ "လော့ကျိုးကျိုး မင်းက အနည်းဆုံးတော့ တိုင်လန်ကောလိပ်က ကျောင်းသားတစ်ယောက်၊ အခြေခံတွေ မသိရင်လည်း ထား၊ ဒါပေမယ့် စာတောင် မဖတ်တတ်တော့ဘူးလား"

"ရောဂါကေ့စ်ဌာနလို့တော့ ရေးမထားဘူး...ရောဂါဗေဒဌာနလို့ ရေးထားတာ" လော့ကျိုးကျိုးအသံမှာ ပြောနေရင်းမှ ပျောက်ကွယ်တော့မလို တိတ်ဆိတ်သထက် တိတ်လာကာ တိုးဝင်သွားကြလေသည်။

"သိတယ်ဆိုရင်လည်း ရောဂါဗေဒဌာနဆီ မြန်မြန် သွားပို့လေ" ချီဖန်း၏ အော်ငေါက်သံက လူသွားလမ်းထဲ ဟိန်းခနဲပင်။

အခြောက်ခံလိုက်ရသည့် သိုးငယ်လေးအလား လော့ကျိုးကျိုးမှာ လန့်ဖြန့်ကာ ထခုန်၍ ဆေးစပ်ခန်းထဲ ပြန်ပြေးတော့သည်။ လမ်းတွင် ဆေးပုလင်းများစွာကို တိုက်ချပြီးမှသာ ဖိုင်တွဲထပ်များအား ပြန်ယူနိုင်တော့၏။

ချီဖန်းကား တံခါးဝတွင် တစ်ချက်မျှ မရွေ့စတမ်း ပိတ်ရပ်၍ နေသည်။ လော့ကျိုးကျိုးသည် ဘေးဖယ်ပေးပါ ဟုလည်း မပြောရဲသည်ဖြစ်ရာ ချီဖန်းနံဘေး နေရာလွတ်ကျဥ်းကျဥ်းလေးမှ ဘေးတိုက်ဖြင့် အတင်းတိုးထွက်နိုင်ရန် ကြိုးစားလိုက်​ေလသည်။ ကြားထဲတွင် ချီဖန်း ဒေါသထွက်နေသေးလား သိရအောင်လည်း မျက်နှာကို ချောင်းကြည့်ရသေးသည်။

"လော့ကျိုးကျိုး" သူ တိုးထွက်လို့ ပြီးလုနီးတွင် ချီဖန်းက အသံခပ်နိမ့်နိမ့်ဖြင့် ခေါ်လာသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now