( ၃၃ )

13.2K 2.5K 174
                                    

< Unicode >

အခန်း ( ၃၂ ) - ဂွတ်နိုက်ပါ မြတ်နိုးလေး

ခဏကြာ တိတ်ကျသွားပြီးနောက် ချူဖုန်းက ဖြည်းဖြည်းချင်း ထရပ်သည်။ မျက်လုံးများသည် မျက်နှာဖုံးအောက် ခက်ထန်ကာ အေးစက်နေချေသည်။ လော့ကျိုးကျိုးသည် ကြည့်ရင်း ဆွံ့အနေမိသည်။ အကြင်လူကို သူ သိထားပါရက်နှင့် တစ်ချိန်တည်းမှာလည်း နားမလည်နိုင်သလိုပင်။ သူ လုံးဝမသိကျွမ်းထားသော ချူဖုန်းနောက်တစ်ယောက်လိုပင်။

လော့ကျိုးကျိုးသည် တစ်ဖက်ယောက်ျားနှင့် ပထမဆုံးဆုံချိန်ကို ပြန်အတွေးရောက်မိသည်။ ထိုအချိန်က သူ့ခေါင်းတွင် သေနတ်ပြောင်းဝ ထောက်လျက်သား ရှိနေခဲ့သည်။

အားပေးသံများ ပြန်ဆူညံလာခါမှသာ ဝန်ထမ်းများသည် စင်ပေါ် တက်၍ သေခါနီး တူဖုအား သယ်ချသွားတော့လေသည်။ အနက်ရောင် vest တစ်ထည် ဝတ်ဆင်ထားသော ဒိုင်သည် သတိကြီးကြီးဖြင့် ချူဖုန်းနား ကပ်လျက် လက်ကို ကိုင်မြှောက်ကာ အောင်ပွဲကြေညာရန် ပြင်သည်။ သို့သော် ချူဖုန်းသည် ဝိုင်းထဲမှ ခုန်ထွက်ကာ ကမ်းပေးလာသော အနက်ရောင် ခြုံထည်ကို ဝတ်၍ ထိုင်ခုံများဆီ ထွက်လာလေသည်။

ပြီးနောက် မတ်တပ်ရပ်နေဆဲဖြစ်သော လော့ကျိုးကျိုးကို လက်ကမ်းပေးကာ ပြောသည် "သွားကြမယ်"

သတိမကပ်သေးသော လော့ကျိုးကျိုးသည် အသံကြားသောအခါ အသိနောက် လိုက်လျက် ချူဖုန်းလက်ထဲ သူ့ လက်ကို ထည့်လိုက်သည်။ ချူဖုန်းမှ ညင်သာစွာ လှမ်းဆွဲလိုက်ရာ ရှေ့သို့ ခြေတစ်လှမ်း ထိုးယိုင်သွားသော်လည်း အချိန်မှီပင် ချူဖုန်းက ခါးကို ဖက်ထိန်းပေးချေသည်။

ချူဖုန်းသည် သတိပေးစကားဆိုရန် ပြင်လိုက်သောအခါ လော့ကျိုးကျိုး ခန္ဓာကိုယ်မှာ တုန်ယင်နေမှန်း သိလိုက်ရလေသည်။ ပထမတော့ ကြောင်သွားမိသော်ငြား လော့ကျိုးကျိုးမျက်နှာထက်မှ အကြောက်တရားများကို မြင်ရသော် မျက်နှာဖုံးအောက်ရှိ မျက်လုံးတို့သည် ပိုတောင် အေးစက်သွားတော့သည်။ ထို့နောက် လက်ကို ပြန်ရုပ်ကာ အကြည့်အောက်ချလျက် နှုတ်ခမ်းများကို စေ့လိုက်လေသည်။ ပြီးတာနှင့် အပိုစကားမဆိုတော့ပဲ ဦးခေါင်းလှည့်ကာ ထွက်ပေါက်ရှိရာဘက် ထွက်သွားတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now