( ၄၈ )

11.6K 2.2K 79
                                    

< Unicode >

အခန်း ( ၄၈ ) - အဖေ သား အရမ်းဝမ်းနည်းတာပဲ

လော့ကျိုးကျိုးသည် ချူဖုန်းစကားများကို ကြားပြီးသော် ကျောက်ရုပ်ဖြစ်သွားရသည်။ အတော်ကြာမှ တိုးတိုးလေးမေးလာသည် "ဗိုလ်ချုပ်က ခင်ဗျားရဲဘော်တွေကို သတ်ခဲ့တာလို့ ပြောချင်တာလား"

အသံသည် ထိန်းချုပ်မရအောင် တုန်ယင်နေကာ မျက်လုံးတို့တွင် ခြောက်ခြားမှုတို့က အထင်းသား။

ချူဖုန်းသည် ဘီယာဘူးကို အောက်ချ၍ လော့ကျိုးကျိုး ပခုံးတို့ကို ဆွဲကိုင်ကာ "ဗိုလ်ချုပ်လော့ လုပ်တာလို့ ကိုယ်မထင်ဘူး"

"ဗိုလ်ချုပ်လုပ်တာလို့မထင်ဘူး?" လော့ကျိုးကျိုးက မေးလေသည် "ဒါဆို ဖြစ်တော့ဖြစ်နိုင်တယ်ပေါ့"

ချူဖုန်းက သက်ပြင်းချ၍ အဝေးတစ်နေရာ မျှော်ကြည့်ကာ "ကိုယ် ဗိုလ်ချုပ်လော့ပေကို စုံစမ်းနေတာကြာပြီ သူ ဒါမျိုး လုပ်ရမဲ့ အကြောင်းပြချက် ရှာမတွေ့ဘူး အဲ့တော့ သူ လုပ်တာလို့ ကိုယ် မထင်ဘူး ဒါပေမဲ့ သူ အသိအသာကြီးကို သဲလွန်စတွေ သိပါရက်နဲ့ ကိုယ့်ကို မပြောပြဘူး" ချူဖုန်းသည် လော့ကျိုးကျိုးအား ကြည့်ကာ "ကျိုးကျိုး ကိုယ် အမှန်တရားကို ရှာမတွေ့မချင်း ဗိုလ်ချုပ်လော့ကလည်း လုံးလုံးလျားလျား အပြစ်လွတ်မနေဘူး"

_

ညည့်နက်ချိန်တွင် လော့ကျိုးကျိုးသည် ဗီလာဥယျာဥ်၏ ညာဘက်အခြမ်းတွင် ရပ်ကာ လှေကားထစ်များနံဘေးမှ ဝါရော်ရော် မီးတိုင်အား ငေးကြည့်ရင်း စိတ်တွေပျံ့လွင့်နေလေသည်။ ချူဖုန်းမှ အိမ်ပြန်လိုက်ပို့ကာ သူ ဗီလာသံပန်းတံခါးဂိတ်ကို ဖွင့်ဝင်လာပြီးတည်းက ထိုနေရာတွင် ရပ်မြဲရပ်နေခဲ့ခြင်းပင်။

လော့ပေသည် လော့ကျိုးကျိုးအိမ်ပြန်မလာမချင်း အိမ်မီးဖွင့်ခိုင်းထားကာ သားဖြစ်သူပြန်ရောက်မှသာ မီးပိတ်လေသည်။ လော့ကျိုးကျိုးသည်ကား ယနေ့ည မတိုင်ခင်အထိ ထိုအသေးစိတ်လေးများကို ဂရုမထားသလို လော့ပေကိုလည်း သူ၏ ဖခင်လို့ မမြင်ခဲ့။

လော့ပေသည် အခြားလူတစ်ယောက်၏ အဖေဖြစ်သည်။ လော့ပေဇနီးကလည်း အခြားလူ၏ အမေဖြစ်ကာ နှစ်ဦးသား အကြောင်းစုံကို မသိကြ၍သာ မိမိအား သားအရင်းအဖြစ် မှတ်ယူထားကြခြင်းပေ။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now