( ၆၁ )

11.6K 2K 30
                                    

< Unicode >

အခန်း ( ၆၁ ) - ကျေးဇူးပါပဲ အရှင်မြတ်

"ဒီကိစ္စတွေ မဖြစ်ခင်မှာ ဗိုလ်ချုပ်လော့ ကိုယ့်ကို ပြောသွားခဲ့တယ်။ မဟာမိတ်ပေါင်းစုတစ်ခုလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေနိုင်တဲ့ လျို့ဝှက်ချက်ကို သူ သိထားပြီး သက်သေလည်း လက်ထဲ ရှိတယ်တဲ့။ ဘာလဲလို့တော့ အတိအကျ ပြောမသွားပေမဲ့ ကိုယ်ကတော့ သူ သမ္မတကို ရည်ညွှန်းသွားတာလို့ ထင်တယ်"

လော့ကျိုးကျိုး မေးသည် "လျို့ဝှက်ချက်ဆိုတာက ဘာမှန်းရော ပြောပြသွားလား"

"ဟင့်အင်း" ချူဖုန်းက ခေါင်းခါပြသည်။

"အာ့ဆို ခင်ဗျား ခန့်မှန်းလို့ရလား"

"မရဘူး"

လော့ကျိုးကျိုး စိတ်ပျက်လက်ပျက်ဖြင့် ပြောသည် "ဒါဆို ကျွန်တော် ဘာမှ မသိရသေးဘူးပေါ့"

"ဗိုလ်ချုပ်လော့က ပါးစပ်လုံအောင် ပိတ်ထားတယ်။ သူပဲ ပြောပြနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပေမဲ့ လောလောဆယ် ကိုယ့်ဘက်က အကြောင်းအကုန် မင်းကို ပြောပြမယ်"

လော့ကျိုးကျိုး အံ့အားသင့်သွားပြီး မေးလိုက်သည် "ခင်ဗျားနဲ့ သမ္မတကြား တစ်ခုခုဖြစ်ထားလို့လား"

ချူဖုန်း တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလာချေသည် "တကယ်တော့ ကိုယ့်ရဲဘော်တွေ သေဆုံးသွားရတာနဲ့ ပတ်သက်ပြီး ကယ်လ်ဂါကို ကိုယ် သံသယဝင်နေခဲ့တာ ကြာပြီ။ ဒါကြောင့်လည်း အချိန်အကြာကြီးအထိ သက်သေပတ်ရှာနေခဲ့တာ"

လော့ကျိုးကျိုး အနည်းငယ်မျက်လုံးပြူးကျယ်သွားရကာ "သူနဲ့ ခင်ဗျားရဲဘော်တွေ သေဆုံးမှုနဲ့ကြား ဆက်စပ်တယ်လို့ ခင်ဗျား ဘယ်လို သိလဲ"

"အဲ့ဒီနေ့ မစ်ရှင်သွားလုပ်တုန်းက ကိုယ်တို့အကုန်လုံး ထရပ်ကားတစ်စီးထဲ ပြွတ်သိပ်ထိုင်ခဲ့တယ်။ ပုံမှန်ဆို အခက်ခဲဆုံးဆိုတဲ့ မစ်ရှင်တွေတောင် ဖြေရှင်းနိုင်ခဲ့တော့ ဒီတစ်ခေါက်ကိုလည်း ဘယ်သူမှ အတည်ယူမထားခဲ့ကြဘူး။ ပါလာတဲ့ သေနတ်တွေကို စစ်ကြည့်တာက လွဲပြီး ကိုယ်တို့ အချင်းချင်း စနောက်နေကြတာ" ချူဖုန်းသည် လက်နှစ်ဖက်ကို ထွေးယှက်ကာ အိပ်ရာအစွန်းတွင် တင်ပြီး ပြတင်းပေါက်အပြင်သို့ ငေးကြည့်ရင်း အတိတ်ရေယာဥ်ကြောထဲ မျောလွင့်နေသလိုပင်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now