( ၆၇ )

11.6K 2.1K 131
                                    

< Unicode >

အခန်း ( ၆၇ ) - ထာဝရအမှတ်အသား

မှောင်ရီပျိုးလာချိန်တွင် ချူဖုန်း ညစာချက်၍ ကျက်သွားပြီးနောက် ဟင်းပွဲများကို စားပွဲပေါ် တင်ကာ လော့ကျိုးကျိုးကို သွားနှိုးသည်။ သူ လော့ကျိုးကျိုးပခုံးကို ခပ်ဖွဖွပုတ်ကာ ခေါ်လိုက်လေသည် "ကျိုးကျိုး"

လော့ကျိုးကျိုးသည် မိန်းမောနေရင်းမှ မျက်လုံးဖွင့်လာကာ ဝူးတူးဝါးတားဖြင့် မေးသည် "မနက်ရောက်ပြီလား"

ချူဖုန်းက ပြောသည် "ညစာစားဖို့ အချိန်ရောက်ပြီ"

လော့ကျိုးကျိုး ပါးစပ်ဟောင်းလောင်းပွင့်ဟလျက် အံ့သြသွားရကာ အတန်ကြာမှ မေးလာသည် "ကျွန်တော် တစ်နေကုန် အိပ်နေမိတာလား"

"အင်း...တစ်နေကုန်အိပ်နေတာ။ အခု ညစာစားဖို့ အချိန်ရောက်ပြီ" ချူဖုန်းက ဖြေသည်။

လော့ကျိုးကျိုး သူ့မျက်နှာသူ ကုတ်ကာ "ကျွန်တော် အပျင်းထူနေတာ ချီဖန်းသာ သိရင် သေအောင် ဆူမှာ"

ချူဖုန်းက ပြုံး၍ လူငယ်လေးခေါင်းကို ခပ်ဖွဖွပွတ်ကာ "အာ့ဆိုလည်း ထစားတော့လေ"

လော့ကျိုးကျိုးမှ ထရပ်သောအခါ ချူဖုန်းသည် ခါးကိုင်း၍ ရှုးဖိနပ်များ ဝတ်ပေးလေသည်။ လော့ကျိုးကျိုး ဘေးကို ကြည့်ကာ အံ့အားတသင့်ဖြင့် ဆိုသည် "ဘယ်လိုလုပ်ပြီး အိပ်ရာပေါ်မှာ ခင်ဗျားအဝတ်တွေ အများကြီး ရောက်နေတာလဲ။ အခင်းကလည်း ဘာလို့ဒီလိုဖြစ်နေတာလဲ"

ချူဖုန်းလက်များ ခဏတန့်သွားရပြီးနောက် ဖိနပ်ကို ဆက်ဝတ်ပေးရင်း ပြောသည် "မမှတ်မိဘူးလား"

လော့ကျိုးကျိုး တောင့်ခဲသွားလျက် ခေါင်းစောင်းပြီး ပြန်စဥ်းစားကြည့်သည်။

ချူဖုန်းက ပြန်ထရပ်၍ ငုံ့ကြည့်သည်။

"ကြည့်ရတာ ခင်ဗျားအဝတ်အစားတွေကို ဆွဲလာပြီး စောင်ကိုလည်း လုံးထွေးထားမိတာ ကျွန်တော်ထင်တယ်" လော့ကျိုးကျိုး ရှက်သွားကာ "ကျွန်တော် ခေါင်းတောင် မူးလာပြီ"

ချူဖုန်းက ဆိုသည် "ရပါတယ်...သွားစားကြမယ်လေ"

ထမင်းစားခန်းသို့ လျှောက်လာရင်း စားပွဲအပြည့် စားစရာများကို လော့ကျိုးကျိုး အဝေးမှ လှမ်းမြင်နေရသည်။ သူ စားပွဲသို့ အမြန်သွား၍ အံ့သြတကြီးဖြင့် မေးလိုက်သည် "ဒီနေ့ ဧည့်သည်ရောက်လာလို့လား...အများကြီးပဲ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now