( ၆၅ )

11.9K 2.1K 101
                                    

< Unicode >

အခန်း ( ၆၅ ) - ငါ့သားက မင်းအပိုင်ပါပဲ

ချူဖုန်း ကားထဲမှ ထွက်သွားပြီး မိနစ်အနည်းငယ်မျှ ကြာသော် ကြက်ဥလိပ်ရေခဲမုန့်နှင့်အတူ ပြန်ရောက်ချလာသည်။ လော့ကျိုးကျိုး မျက်လုံးအရောင်များ တောက်ဖြာလျက် ကြည့်ကာ လက်လှမ်းလိုက်သည်။ သို့သော် လက်နှင့် မထိနိုင်ခင်မှာပင် ရေခဲမုန့်သည် နောက်ပြန်ရွေ့သွား၏။

"ကိုယ် တစ်ကိုက်လောက် မြည်းကြည့်လို့ ရမလား" ချူဖုန်းက မေးသည်။

"အင်း ခင်ဗျား အရင်စားလေ" လော့ကျိုးကျိုးက ရွှင်မြူးစွာ ပြန်ဖြေသည်။

ချူဖုန်းသည် ကားထဲ ဝင်၍ တံခါးပိတ်ကာ လော့ကျိုးကျိုးအား ကြည့်ရင်း ဖြည်းဖြည်းချင်း ပါးစပ်ဟလျက် ရေခဲမုန့်ကို အလုတ်အကြီးကြီး ကိုက်ချလိုက်တော့သည်။

ရေခဲမုန့်လုံးလေးမှာ ချက်ချင်းပင် အနည်းငယ်သာ ကျန်ရှိခဲ့တော့သည်။

"ကဲ ရော့ စားလို့ရပြီ" ပြီးနောက် ကျန်ရှိသော အပိုင်းကို လော့ကျိုးကျိုးထံ ကမ်းပေးလာသည်။

လော့ကျိုးကျိုး ရေခဲမုန့်ကို ကြည့်လိုက် ချူဖုန်းကို ကြည့်လိုက်ဖြင့် တစ်ခုခုပြောချင်သလို ဗျာများနေပြီးနောက် ပါးစပ်ပိတ်ကာ တုံ့ဆိုင်းစွာ လှမ်းယူလိုက်ချေသည်။

"ဘာလဲ...ကိုယ့်ကို ပေးစားမိတာ နောင်တရနေတာလား" ချူဖုန်းသည် ပါးစပ်အပြည့်ဖြင့် ရေခဲမုန့်ကို မနည်းမျိုချရင်း မေးသည်။

လော့ကျိုးကျိုး နှုတ်ခမ်းကို စေ့၍ ပြောသည် "ရေခဲမုန့်အများကြီးစားတာ ခင်ဗျား ဗိုက်အောင့်လိမ့်မယ်"

ချူဖုန်းက ပြောသည် "ကိုယ် ဗိုက်မအောင့်တတ်ဘူး"

ညခင်းတွင် ချူဖုန်းသည် ဆိုဖာပေါ် လှဲရင်း ရေနွေးပူအိတ်တစ်အိတ်ကို ဖက်ထားရလေသည်။ ရေခဲမုန့်သည် သူ၏ နှစ်ရှည်အစာအိမ်ပြဿနာအား သွားဆွပေးလိုက်ပုံ ရသည်။ လော့ကျိုးကျိုး ချူဖုန်းဗိုက်ကို ဖြေးဖြေးချင်း ပွတ်ပေးရင်း ပြောသည် "လိမ္မာနော် ဆောင်းရာသီမှာ ရေခဲမုန့်မစားနဲ့တော့"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now