( ၈၉ ) - END

22.3K 2.5K 363
                                    

< Unicode >

အခန်း ( ၈၉ ) - လက်ထပ်ကြပြီ

မေလမို့ နွေရာသီနီးပြီဖြစ်ရာ နေရာတိုင်းလိုလို ပူအိုက်လာတော့သည်။

လော့ကျိုးကျိုးကား ရှောင်ယွီ၏ အိပ်ရာခေါင်းရင်းတွင် ထိုင်ရင်း မရပ်မနားစကားပြောနေလေသည် "...အဲ့ဆိုင်က ရေခဲမုန့်က တကယ်ကောင်းတာ။ နောက်လ ဆေးရုံဆင်းရင် နင့်ကို လိုက်ကျွေးမယ်"

"အင်း ကျေးဇူးနော် ကျိုးကျိုး"

"ရပါတယ်"

ရှောင်ယွီ၏ အပြုံးက မျက်လုံးများကို ကျဥ်းမြောင်းသွားစေသည်။ သူမ သိပ်နေမကောင်းသေးသော်ငြား မျက်နှာကတော့ မိန်းမငယ်လေးအသွင်သို့ ပြန်လည်ပြောင်းလဲသွားလေပြီ။ မျက်နှာပေါ်မှ အရေးအကြောင်းများလည်း တဖြည်းဖြည်းပျောက်ကွယ်သွားကာ ဝိတ်လည်း ပြန်တက်လာချေသည်။

လော့ကျိုးကျိုးနှင့် ချီဖန်းတို့နှစ်ဦးကား ဘန်ဇီဒရင်းမျိုးဆက် (၄) ကို ဖော်စပ်နိုင်ခဲ့သည်။ ထိုဆေးအား အမြောက်အများထုတ်လုပ်နေပြီဖြစ်ရာ မကြာမီတွင် မဟာမိတ်ပေါင်းစုမှ ဆည်းဆာရောဂါသည်အားလုံးကို အလကားကုသပေးနိုင်တော့ပေမည်။

လူများကို အစွမ်းတက်သွားစေသော ဘန်ဇီဒရင်း၏ ဘေးထွက်ဆိုးကျိုးကိုလည်း ဖြေရှင်းနိုင်ခဲ့ရာ ပုံမှန်လူတွေရော ရောဂါသည်များပါ ထိုအာနိသင်ကို မခံစားနိုင်တော့ပေ။

လေးခုမြောက်သော ဘန်ဇီဒရင်းမျိုးဆက်တွင်လည်း အမည်သစ်ရလာခဲ့သည် - ပညာ့နှလုံးသားဟူ၍။

လော့ကျိုးကျိုးက တာမီနယ်ကို ကြည့်၍ ထရပ်ကာ "ငါ သွားပြီ​ေနာ်။ ချူဖုန်း လာကြိုနေပြီ"

ယနေ့က ပိတ်ရက်ဆိုသော်ငြား သမ္မတအသစ်တစ်ဦးကို လောလောလတ်လတ် ခန့်အပ်ထားရာ ချူဖုန်းသည် သမ္မတ၏ ညာလက်ရုံးအနေဖြင့် အလုပ်ရှုပ်နေရတော့သည်။ ပိတ်ရက်တောင် မရှောင်၊ မွန်းလွဲချိန်ကျမှသာ သမ္မတရုံးတော်ထဲက ထွက်နိုင်တော့သည့်အထိပင်။

ရှောင်ယွီက ခေါင်းပြုတ်ထွက်မတတ် ညိတ်ပြသည်။ ခေါင်းပေါ်မှ ပန်းရောင်ဆံညှပ်လေးမှာ သူမ၏ လှုပ်ရှားမှုများနှင့်အတူ နေရောင်ထဲ အလင်းပြန်ကာ ရှိနေလေသည်။ သူမက ပြုံး၍ ဆိုသည် "သွားလေ။ ခဏနေ ငါ့အစ်ကို ရောက်လာတော့မှာ။ စိတ်မပူနဲ့"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now