( ၁၃ )

14.2K 2.5K 138
                                    

<Unicode>

အခန်း ( ၁၃ )  -  ငပွေကောင်

သူ၏မှတ်ချက်၌ စားပွဲခုံမှီနေခဲ့သော ချူဖုန်းသည် ကျောဆန့်လာရကာ မေးသည် "ဘာကြောင့် သူ့ ဒဏ်ရာတွေက သေပြီးမှရလာတာလို့ ထင်ရတာလဲ"

လော့ကျိုးကျိုးက ခဏကြာအောင် ဖြေစရာစကားရှာမတွေ့။

သူ မျိုးစုထဲ နေခဲ့စဥ်အချိန်က သူကြီးသည် ဗန်ပိုင်းယားငယ်လေးများအား လူသားတို့၏ ခန္ဓာဗေဒနှင့် သွေးဗီဇအကြောင်း သင်ကြားပေးခဲ့သည်။ ထို့ကြောင့်လည်း သူ ဒဏ်ရာများကို မြင်မြင်ချင်း အရောင်အသွေး၊ သွေးစွန်းပုံအနေအထားစသဖြင့် အတိုင်းအတာတို့ကို တွက်ဆ၍ ဘယ်အချိန်က ဒဏ်ရာရခဲ့မှန်း အတိအကျပြောနိုင်ခြင်း ဖြစ်သည်။ သို့သော် ချူဖုန်းအား ဤဗဟုသုတများကို ဘယ်က ဆက်ခံရရှိလာခဲ့ကြောင်းရော ဗန်ပိုင်းယားတို့၏ မွေးဖွားလာကတည်းက ပါလာခဲ့သော ပင်ကိုအသိဉာဏ်ဖြစ်ကြောင်းရော သူ ရှင်းပြလို့မရ။

ချူဖုန်းကမူ လော့ကျိုးကျိုးကို စိုက်ကြည့်လျက် အဖြေကို စိတ်ဝင်တစားဖြင့် စောင့်ဆိုင်းနေဆဲပင်။

လူသားတစ်ယောက် သေဆုံးသွားခဲ့ပြီဆိုလျှင် သွေးများ ပျစ်ခဲသွားကာ ခြေရာလက်ရာမကျန်ခဲ့တော့။ အလောင်းများ၏ ကိုယ်ပေါ်မှ ဒဏ်ရာတို့သည် သေပြီးမှ ပေါ်လာခြင်းဟု မည်သူကမှ ထင်မှတ်မထားမိသည်မို့ မသေခင် လူသတ်သမားနှင့် တွန်းကန်နပန်းလုံးသတ်ရင်း ဖြစ်သွားခြင်းဟု နှုတ်မှ ထုတ်ပြောစရာမလိုအောင် အကုန်ယူဆထားခဲ့ကြသည်။

ထို့ပြင် လူသတ်သမားသည် တစ်ဖက်လူသေသွားတာနှင့် ထိုမှုခင်းရပ်ဆီမှ မြန်မြန်ဆန်ဆန် ရှောင်ပြေးတော့မှာပင်။ အဘယ်ကြောင့် ခြေရာလက်ရာများကို တမင်တကာ ချန်ခဲ့ရပါမည်နည်း။

လော့ကျိုးကျိုးသည် သူ၏ မျက်လုံးဝိုင်းများဖြင့် ချူဖုန်းကို ငေးစိုက်ကြည့်ရင်း နှုတ်မထိန်းနိုင်ပဲ ထောက်ပြလိုက်မိသည်ကို နောင်တရသွားမိသည်။ သို့သော်လည်း အဆုံးတွင်မူ ချူဖုန်း၏ ဆန်းစစ်နေသည့် အကြည့်များအောက် လက်မြှောက်ချလိုက်ရကာ "အဲ့ဒါက ဒီတိုင်း...ဒီအတိုင်းပဲ ကျွန်တော် သိနေတာ" ထို့နောက် စားပွဲခုံနားသို့ တောင့်တင်းစွာ လျှောက်လာပြီးနောက် ပရိုဂျက်ရှင် မျက်နှာပြင်ကို လက်ညှိုးထိုးပြသည် "ကြည့်ကြည့် ဒီနေရာ ဒီနေရာနဲ့ ဒီနေရာရောပဲ အကုန်လုံးက သေပြီးမှဖြစ်လာတဲ့ ဒဏ်ရာတွေ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now