About Chu Feng ( May Contain Spoilers! )

9.1K 1.4K 51
                                    

< Unicode >

အပိုင်း ၄၄ မှာ ချူဖုန်းကို reader အတော်များများ စိတ်ဆိုးကြတယ်။ ဆိုးလည်း ဆိုးသင့်ပါတယ်လေ။ ဒါပေမဲ့ ချူဖုန်းဘက်က အမြင် ကိုလည်း ရှင်းပြချင်လာလို့ပါ 😆

ချူဖုန်းက မွေးကတည်းက တစ်ကောင်ကြွက်။ မိသားစုလို တန်ဖိုးထားရတဲ့ ဝမ်ကျွင်းကလည်း ဆုံးသွားပြီ။ ညီအစ်ကိုလို နေလာတဲ့ ရဲဘော်တွေ အကုန်သေသွားပြီး သူတစ်ယောက်ထဲ စီးကရက်သောက်မှု အကျိုးနဲ့ အသက်ရှင်ကျန်ခဲ့ရလို့ အပြစ်ရှိသလို ခံစားနေရတဲ့ လူ။ သူ ေသခဲ့သင့်တာလို့ ခံယူထားတဲ့ လူ။ ကျန်ရှိတဲ့ ဘဝကိုလည်း သူ့ ရဲဘော်တွေ သေရခြင်းတရားခံကို ရှာဖို့ပဲ မြုပ်နှံထားခဲ့တာ။ တရားခံရှာရင်း သူ သေလည်း သေမယ်။ ဒါတွေ သူ ဂရုမစိုက်ဘူး။ တရားခံရှာတွေ့လို့ တရားစီရင်ပြီးရင် သူ လုံးဝဟာလာဟင်းလင်း ဖြစ်သွားမှာ သေချာတယ်။

အဲ့မှာ လော့ကျိုးကျိုးနဲ့ သူ စတွေ့တယ်။ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်တဲ့ ချူဖုန်းအတွက် လော့ကျိုးကျိုးက တစ်ခုတည်းသော ဂရုစိုက်ရတဲ့လူပဲ။ ဆုံးရှုံးမခံချင်ဆုံး လူပဲ။ အာ့ကိုလည်း သူ ထုတ်ပြောတယ်။ သူက လော့ကျိုးကျိုးနဲ့ ပတ်သက်ရင် လိုတာထက်ကို ပိုပြီး အရမ်းစိုးရိမ်တယ်။

အပိုင်း ၄၄ မှာ တွဲမကရတဲ့ အကြောင်းအရင်းက အပိုင်း ၄၄ ဖတ်ရင်တော့ 'ဟာ ဘာလား တွဲမကဘဲ ဘာလို့ ကမယ်ပြောသေးလဲ ချေတာလား' ပေါ့လေ။ ဒါပေမဲ့ အပိုင်း ၄၅ မှာ ကယ်လ်ဂါနဲ့ စကားပြောခန်းမှာ ပါပါတယ်။

ချူဖုန်းက လော့ကျိုးကျိုးနဲ့တွဲကပြီးရင် နောက်ဘက်ဥယျာဥ်လေးထဲ နှင်းဆီပန်းတွေ ပြင်ထားပြီးသားပါ။ ( Yoru ကတော့ ပရိုပို့စ်မယ်လို့ ထင်တာပဲ ) ဒါပေမဲ့ ပါတီမလာဘူးဆိုတဲ​့ ကယ်လ်ဂါနဲ့ ဝေလ်ဆင်တို့ ရောက်ချလာလို့ လော့ကျိုးကျိုးကို စိုးရိမ်သူပီပီ ချဥ်ပေါင်ကျူးကို သူ ဖိတ်ကလိုက်တာပါ။ ဝေလ်ဆင်က ချူဖုန်းကို ဘလိုင်းကြီးမျက်မုန်းကျိုးနေတဲ့ ရန်သူတော်ကြီးပါ။

ချူဖုန်း မမှားဘူးလားဆိုရင်တော့ မှားပါတယ်။ သူ လော့ကျိုးကျိုးကို အစိုးရိမ်လွန်ရင်းဖြစ်တဲ့ အမှားမျိုးပါ။ နောက်ပြီး တစ်ခုထပ်မှားတာက လော့ကျိုးကျိုးကို အမှန်အတိုင်း ရှင်းလင်းအောင်မပြောတာ။ လော့ပေလိုပဲ လော့ကျိုးကျိုး သိတာနည်းလေ အန္တာရယ်နည်းလေ လို့ ယူဆထားတယ်။ အဲ့တော့ reader တွေကပါ ဒီစကားလောက်နဲ့ လျှောချလို့ ရမလားလို့ ဖြစ်ကုန်ကြရော 😆

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now