Chp :: 3

9.6K 1.5K 37
                                    

[Unicode]

   "ချုံချုံ ရပ်...." ပြောရရင်တော့ ဟေးဒီစ်ကြီးရဲ့ စူးရှရှလျှာက ကုရန်ရဲ့လည်ပင်းကို မရပ်မနား လျက်နေလို့ပဲ။ ထို့အပြင် ကုရန်က ဒီလိုအခြေအနေမျိုးကို အင်မတန် ရင်းနှီးနေတာကြောင့် အိပ်ချင်မူးတူးနဲ့ ထိုသို့ပြောလာခြင်းပင်။

   အလျက်ခံထားရတဲ့လည်တိုင်ဖြူဖျော့ဖျော့လေးမှာ မှိန်ဖျော့ဖျော့ အနီရောင်အမှတ်အသားလေး ပေါ်လာ‌တော့မှသာ ကြောင်ကြီးက နောက်ဆုံးတော့ ရပ်တန့်သွားတော့တယ်။ လူငယ်လေးရဲ့အသံကို ကြားတဲ့အခါ ၎င်းက ခေါင်းအကြီးကြီးကို လူငယ်လေးရဲ့လည်တိုင်ဆီ စတင်တိုးဝှေ့ပွတ်သပ်တော့တယ်။

   ဒါ သူရှာတွေ့ခဲ့တဲ့ သားကောင်လေးပဲ။ သူ စားပစ်ရမှာ တွန့်ဆုတ်နေပေမဲ့ သူ ပိုင်ဆိုင်ကြောင်း အမှတ်အသားပြုတဲ့အနေနဲ့ သူ့အနံ့ကို လူငယ်လေးကိုယ်ပေါ်မှာ တမင်တကာကပ်ငြိစေချင်တယ်။

   ဒါကြောင့် ဆန္ဒကို အကောင်အထည်ဖော်လို့ အပြီးမှာ အရွယ်ရောက်ဟေးဒီစ်ကြီး ကျေနပ်အားရသွားတော့တယ်။

  ဟေးဒီစ်မျိုးနွယ်တွေက အိပ်ဖို့မလိုအပ်ပေ။ သူတို့တွေက ဆယ်စက္ကန့်လောက် မျက်လုံးမှိတ်ထားရင်း အားပြန်ပြည့်ဖြည့်ကြတယ်။ ဆံနက်ကောင်ငယ်လေး အိပ်နေချိန်မှာ အရွယ်ရောက်ဟေးဒီစ်ကြီးကတော့ သူ့ရင်ခွင်ထဲက ကောင်လေးကိုစိုက်ကြည့်ရင်း ငြိမ်ငြိမ်လေးနေနေလေတယ်။

   နောက်တစ်နေ့ ကုရန်နိုးလာချိန်မှာတော့ သူ့မျက်လုံးတွေ မပွင့်သေးခင်မှာ သတိအရင်ဝင်လာလေတယ်။ ပထမဆုံး သူ့လက်ချောင်းတွေ စိုစွတ်နေသလို ခံစားနေရတယ်..... သူ့‌လက်ချောင်းလေး တတိတိအကိုက်ခံနေရသလိုမျိုး.....??

    သူ နောက်ဆုံးတော့ တုန့်ပြန်လာပြီ, သူ့နှလုံးသား ဒုန်းခနဲဆောင့်ခုန်သွားပြီး သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်တယ်။

   သူ အေးခဲတောင့်တင်းသွားခဲ့တယ်။

   သူ မအိပ်ခင်တုန်းက ပွေ့ဖက်ထားခဲ့တဲ့ကြောင်ကြီး မရှိတော့ဘူး, ၎င်းရဲ့နေရာမှာ မြစိမ်းရောင် မျက်လုံးလှလှ‌လေးတစ်စုံကို မြင်ရလေတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now