Chp :: 36

3.9K 773 14
                                    

[Unicode]

သူ့ကို နေ့ရောညပါ ကပ်တွယ်ရတာ နှစ်သက်လွန်းတဲ့ ဒီအကောင်ပေါက်လေးကို .....နည်းနည်းလေး ဝတုတ်လာဖို့ ပျိုးထောင်ပေးရမယ်။

ဒီအချိန်မှာတော့ ကုရန်တစ်ယောက် ဒီအကောင်ပေါက်လေးက ကြောင်အစစ်မဟုတ်ဘဲ နောင်တစ်ချိန်မှာ ယွမ်ယင်းအဆင့်ရှိတဲ့ သူ့လို ကျင့်ကြံသူတွေကိုတောင် ကောင်းကောင်းကြီး ဖိနှိပ်နိုင်မယ့် ထောင်းထျဲ့သားရဲပေါက်ဆိုတာ သူ မေ့လျော့နေပါပြီ။

အခုချိန်မှာ ထိုအကောင်ပေါက်လေးက ကျင့်ကြံသူလေးပေါင်ပေါ်မှာ လဲလျောင်းနေပြီး ကျင့်ကြံသူလေးက သူ့ကို ခေါင်းအစအမြီးအဆုံး ပွတ်သပ်ပေးနေတာကြောင့် သူ့မှာ သာယာလွန်းလို့ အဆက်မပြတ် မြောင်သံပြုနေလေရဲ့။ မျက်ဝန်းများလည်း အနည်းငယ် မှေးကျဉ်းနေကာ အတော်လေး ပျော်ရွှင်နေပုံရတယ်။

လိမ္မာ , အန္တရာယ်ကင်း , သိတတ်ကျိုးနွံ , နာခံတတ်တယ်။ ဒီလဝက်တွင်းမှာ ကျင့်ကြံသူလေးရှေ့က ဘောလုံးလေးမှာ ထိုကဲ့သို့ ပြုမူနေတော့တယ်။

လူတိုင်းနီးပါးသိတဲ့ ခိုးမှုကိစ္စကို ကုရန်က ထိန်းချုပ်လိုက်ပြီး တပည့်တွေကိုလည်း ထိုအကြောင်း ပြောဆိုခြင်းကို ပိတ်ပင်လိုက်တယ်။

ကျင့်ကြံသူလေး စေခိုင်းတဲ့အတိုင်း လုပ်ဆောင်တဲ့ အတွင်းဂိုဏ်း စောင့်ရှောက်သူလည်း အဖြစ်မှန် ရှာတွေ့သွားပြီ။ ကုရန် တစ်ဖက်လူကို သက်သေအရင်သိမ်းထားစေပြီး ဘောလုံးလေး လူအသွင် ပြန်ဖြစ်လာမှ သူ့တပည့်လေးကို ဖြူစင်မှု ပြန်ယူပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒါကို တွေးနေတာကြောင့် တစ်ခဏကြာမှ ကုရန်တစ်ယောက် ဘောလုံးလေးရဲ့ တဂျွတ်ဂျွတ် အစာစားသံ ရပ်သွားတာကို သတိပြုမိလိုက်တယ်။

သူ ခေါင်းငုံ့ကြည့်လိုက်တော့ ဘောလုံးလေးရဲ့ ရှေ့လက်ဖဝါးနှစ်ဖက်မှာ ကိုင်ထားသော ဝိညာဉ်ကျောက်တုံးက သုံးပုံတစ်ပုံတောင် မကုန်သေးတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ ဘာလို့ စားတာရပ်သွားလည်းတော့ သူလည်း မသိပေ။

ကျန်းထန်ကတော့ သူ့ရှေ့လက်ဖဝါးနှစ်ဖက်ကို ကြည့်ပြီး အနည်းငယ် ကြောင်အသွားပြီ။ သူ့သွေးကြောက ဒီထောင်းထျဲ့ပေါက်ကို အများကြီး သိခွင့်ပေးထားပေမဲ့လည်း လူအသွင်ပြန်ပြောင်းတဲ့ ဖြစ်စဉ်မှာတော့ သူ ချက်ချင်း မတုန့်ပြန်နိုင်ပေ။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now