Chp :: 4

9.4K 1.4K 25
                                    

[Unicode] 

  သူတို့ အခုရောက်နေတာ မဖွံ့ဖြိုးတဲ့ဂြိုဟ်တစ်ခုဖြစ်ပြီး ထိုဂြိုဟ်ပေါ်မှာ ပြင်ပသက်ရှိများမှလွဲ၍ အသိဉာဏ်ရှိတဲ့ သတ္တဝါများ မရှိကြပေ။ ပြင်ပ လူတွေဆိုလို့ ဂြိုဟ်တစ်ခုလုံးမှာမှ သူနဲ့ သူ့ဘေးက အရွယ်ရောက်ဟေးဒီစ်ကြီးပဲ ရှိတယ်။

    ဘာပဲဖြစ်ဖြစ် ဒီဂြိုဟ်ရဲ့နယ်ပယ်က အသေးအမွှားလေးမဟုတ်ပေ။ အဆင့်မြင့်နည်းပညာတွေနဲ့ လက်နက်ကိရိယာမျိုးစုံ ပါနေရင်တောင်မှ ဒီနယ်ပယ်က သေဆုံးနိုင်ခြေမြင့်တုန်းပင်။

   အရွယ်ရောက်ဟေးဒီစ်ကြီး လူ့အသွင်စပြောင်းတဲ့ နေ့မှ အခုဆို ရက်အတော်ကြာကြာကုန်လွန်သွားပြီ။ သူ့သိုလှောင်လက်စွပ်ထဲက စားစရာတွေလည်း တစ်စတစ်စလျော့ပါးလာပြီး နှစ်ရက်ကျော်သွားချိန်မှာတော့ ပြောင်သလင်းခါသွားပြီ။ ကုရန်ကတော့ ဒီပြဿနာကို ဖြေရှင်းစရာမလိုပေ, ဘာလို့ဆို ဟေးဒီစ်ကြီးက နေ့တိုင်းအမဲလိုက်ထွက်ပြီး ရသမျှသားကောင်ကို ပြန်သယ်လာကာ  သူ့ရှေ့ချချပေးလေ့ရှိတယ်။ 

   အမဲလိုက်ခြင်း, ဒီလိုကိစ္စက ဟေးဒီစ်ကြီး နေပြန်ကောင်းမှသာ ပြုလုပ်တာဖြစ်တယ်။ ကြောင်ကြီးက သူ့ရှေ့မှာ သားကောင်ကိုချပေးပြီး ခေါင်းစောင်းပြလာတာကို မြင်တဲ့အခါ သူ တိတ်တဆိတ်လေးကြည့်နေမိတယ်။ သူ့အတွေ့အကြုံအရဆို ဒီကြောင်ကြီးကို ကျေနပ်စေဖို့ရာ သူ့ခေါင်းကို ပုတ်ပေးရမှာဖြစ်တယ်။

   သိပ်မကြာသေးတဲ့ရက်တုန်းက ကုရန် တစ်မျိုးခံစားနေရတယ်, အာ.....အရွယ်ရောက်ဟေးဒီစ်ကြီးရဲ့ ဂရုစိုက်စောင့်ရှောက်ခြင်းခံနေရတယ်။

   ဒီနေ့လည်း ထူးမခြားနားပင်။ ကုရန်က သူ့ကိုယ်ပေါ်မှာ ဘာအဆင့်မြင့်ပစ္စည်းမှ ရှိမနေ, သူ့ကိုယ်ကလည်း မသန်မာတော့ ဂူထဲမှာနေပြီး ဟေးဒီစ်ကြီး ပြန်လာတာကိုသာ စောင့်ဆိုင်းနေရတယ်။ ဒီ‌နေရာက ချောင်ကျတယ်, ဒါ့အပြင် ဟေးဒီစ်ကြီးရဲ့ အနံ့ကြောင့် အခြားသားရဲတွေ အနားကပ်မလာရဲပေ။

    " 00, မင်း မနေ့ကပြောတဲ့စည်းမျဉ်းတွေအကြောင်းကို ငါ့ကို အသေးစိတ်လေးရှင်းပြပါအုံး" ဟေးဒီစ်ကြီး ပြန်လာတာကိုစောင့်ရင်း သူ့ကို  ဒီလိုသေရေး‌ရှင်ရေးအခြေအနေထဲ တွန်းပို့လိုက်တဲ့ systemနဲ့ ဆက်သွယ်လိုက်တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now