Chp :: 37

3.9K 758 11
                                    

[Unicode]

ဘာလိုလိုနဲ့ တစ်လပြည့်သွားပြီး ဒီထောင်းထျဲ့ပေါက်လေးက‌တော့ လူအသွင်ပြန်ပြောင်းဖို့ လေးဖင့်နေဆဲပါ။

ထူးခြားတာက ဒီရက်တွေမှာ ဒါမှမဟုတ် မနေ့ကစပြီး ကျင့်ကြံသူလေးက သူ့ကို မတူကွဲပြားစွာ စကြည့်လာတာပဲ။

ဒီအကြည့်မျိုးက အကောင်ပေါက်လေးကို နည်းနည်းလောက်ပိုပြီး လိမ္မာနာခံစေတယ်။

အဆုံးမှာတော့ ဒီအကောင်ပေါက်လေးက အစားကြူးတဲ့ဗီဇကိုတောင် ဖိနှိပ်ထားပြီး အကြမ်းဖက်ချင်စိတ်ကို ချုပ်ထိန်းထားကာ လိမ္မာပြီး အန္တရာယ်ကင်းတဲ့ အယောင်ဆောင်မျက်နှာဖုံးကို ထိန်းသိမ်းထားလေရဲ့။ ဒါကြောင့် ကျင့်ကြံသူလေးက သူ့ကို ဆက်ကြည့်နေတာပေါ့။

" အခြေခံ သဘာဝစွမ်းအင်ငါးမျိုးရဲ့ ဝိညာဉ်ကျောက်တုံးအရသာတွေက ကွဲပြားလောက်လား?" သူ့ပေါင်ပေါ်က အကောင်ပေါက်လေးရဲ့ ပျော်ပျော်ရွှင်ရွှင် တဂျွတ်ဂျွတ်ဝါးစားနေသံကို ကြားတော့ ကုရန် အနည်းငယ် ပြုံးမိသွားတယ်။ ကုရန်စကားသံကို ကြားတော့ ဘောလုံးလေးက ခေါင်းမော့ကြည့်လာပြီး ကျင့်ကြံသူလေးရဲ့လက်ကို သူ့ရဲ့ထောင်နေတဲ့ နားရွက်နဲ့ ဆော့ကစားစေတယ်။

" မြောင် " ကျယ်ကျယ်လောင်လောင် မြောင်သံပေးရင်း ဘောလုံးလေးက ကျင့်ကြံသူလေးနား ပိုတိုးကပ်လာတယ်။ ဒီထောင်းထျဲ့ပေါက်လေးက တုန့်ဆိုင်းခြင်း အပြစ်ရှိစိတ်တို့ တစ်ချက်မှမဝင်ဘဲ သူ့ရဲ့မူလအသွင်နဲ့ အရှက်မရှိ အခွင့်ကောင်း ယူနေပါတယ်။ သူ့ရဲ့လူသားအသွင်ကိုလည်း ပြန်မပြောင်းချင်တော့ပေ။ လူသားအသွင်နဲ့ဆို သူ ဒီလူသားနား နီးနီးကပ်ကပ် နေခွင့်ရတော့မှာ မဟုတ်နိုင်တော့ပေ။

Systemကတော့ အနားယူတဲ့ အခြေအနေဆီ ဝင်သွားခဲ့ပြီ။ အဲ့မတိုင်ခင်မှာ 037က သူ့ကို ဒေတာနှိုင်းယှဉ်မှု ရလဒ်အကြောင်း ပြောခဲ့တယ်။

သူ့ပေါင်ပေါ်က အကောင်ပေါက်လေးမှာ အသစ်မွေးဖွားလာတဲ့ မသိနားမလည်သော ရုပ်သွင်လေးသာ ရှ်ိသေးတယ်။ တစ်ဖက်လူက လူသားအသွင်တုန်းက မှတ်ဉာဏ်တွေကို ပြန်ရသွားမှန်း ကုရန် သတိမပြုမိသေးပေ။ ကြီးမားဝိုင်းစက်‌တဲ့ ခပ်ဖျော့ဖျော့ ဒေါင်လိုက်မျက်ဝန်းတစ်စုံနဲ့ ဆုံတဲ့အခါ ကုရန် ညင်သာစွာ ခေါ်ဆိုလိုက်တယ် "ချုံချုံ လိမ္မာနော်......"

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now