Chp :: 19

4.6K 995 11
                                    

[Unicode]

သူ အရင်က ဆော့ခဲ့တဲ့ 3Dဂိမ်းနဲ့ တစ်ပုံစံတည်းပဲ။ စစ်သင်္ဘောကြီးရဲ့ ဝမ်းဗိုက်ရုံ အောက်ခြေထဲ အောင်အောင်မြင်မြင် ခိုးဝင်ကာ မောင်းနှင်သူနေရာ ဝင်ထိုင်ပြီးတာနဲ့ ကုရန်တစ်ယောက် သူ တွေးထားတဲ့အတိုင်း ကင်းထောက်သင်္ဘောကို ထွက်ပေါက်နားဆီ မောင်းနှင်လာလိုက်တယ်။

ဂိမ်းထဲကလို လွယ်ကူပုံရပေမဲ့လည်း ကုရန်ကတော့ လုံးဝကို လေးလေးနက်နက် မောင်းနှင်နေဆဲပင်။

အသေးငယ်ဆုံး စစ်ဆင်ရေးနဲ့ အလိုရှိသော ရလဒ်ကို ရရှိနိုင်ဖို့ရာ သုညအမှားနဲ့ သုညလွန်ကဲအမှားတွေ လိုအပ်တယ်။

ဒီနယ်ပယ်က ဉာဏ်ရှိတဲ့သူတိုင်း ဒီအ‌ခြေအနေကို မြင်သွားရင် သူတို့တွေ စံပြသင်ရိုးနဲ့ ယှဉ်နိုင်လောက်တဲ့ ကုရန်ရဲ့ တိကျမှန်ကန်လွန်းသော စစ်ဆင်ရေးကို အလွန် ချီးမွမ်းကြပေလိမ့်မယ်။

[ အပြင်ဘက် စကြဝဠာကို ထွက်မယ့်တံခါး ဖွင့်သွားတာနဲ့ စစ်သင်္ဘော အထက်ပိုင်းမှ ထိန်းချုပ်ခန်းလည်း သတိပြုမိသွားမှာ။ system ဒါကိုတော့ ဖြတ်ယူလို့မရဘူး။ ]

" ကောင်းပြီလေ " ကုရန် ချက်ချင်း ပြန်ဖြေလိုက်တယ်။

သူ ထွက်သွားရင် စစ်သင်္ဘောရဲ့ ထွက်ပေါက်အားလုံးကို systemကို ပိတ်ခိုင်းလိုက်မယ်။ အဲ့လိုဆိုရင် သူ့နောက်ကို လိုက်ဖမ်းမယ့် သူတွေကလည်း အနီးအနားက စစ်ကူတွေပဲ ရှိလိမ့်မယ်။

ဒါပေမဲ့ လွတ်မြောက်သွားတဲ့ ဓားစာခံတစ်ယောက်ကို လိုက်ဖမ်းတာထက် သူတို့ပြဿနာကို အရင်ဖြေရှင်းကြလောက်တယ်။ သို့တိုင် တစ်ဖက်လူက သူ့ကို လိုက်ဖမ်းဖို့အတွက် စစ်ကူတွေ အများကြီး တကယ် လွှတ်လိုက်လိမ့်မယ်လို့ ကုရန် လုံးဝ ထင်မထားခဲ့ပေ။

အေးစက်စက် သံမဏိတံခါးကြီးက စစ်သင်္ဘောတစ်စင်း ထွက်လို့ရရုံလောက် ဖြည်းဖြည်းချင်း ပွင့်လာလေတယ်။ ကုရန်လည်း လမ်းညွှန်စာအုပ်အတိုင်း အင်ဂျင်ဂိတ်ဆုံးထိ ထားပြီး ကင်းထောက်သင်္ဘောကို မောင်းနှင်နှုန်း အမြင့်ဆုံး တိုးမြှင့်ပစ်လိုက်တယ်။ အမြန်နှုန်းနဲ့ အပုန်းအကွယ်မှာ နာမည်ကျော်လှတဲ့ ကင်းထောက်သင်္ဘောမှာ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ စကြဝဠာ အပြင်ဖက် မောင်းထွက်သွားတော့တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now