Chp :: 13

5.7K 1.1K 10
                                    

[Unicode] 

  သတိမမူမိတဲ့ ကုရန်တစ်ယောက် အခုချိန်မှာ သုံးဖက်မြင် 3Dစက်ထဲ နစ်မြောနေပြီး တကယ်ကို အပူအပင်ကင်းမဲ့ အာ မဟုတ်.... ပျော်ရွှင်ပြီး ကံကောင်းလွန်းတဲ့ လူသားလေးဖြစ်နေတော့တယ်။ သူ့အတွက် ပြဿနာများများစားစား မရှိတဲ့ အတော်လေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေတာပင်။

   တကယ်တော့ ကုရန်က မူလကမ္ဘာမှာ အိမ်မှာပဲ သူ့ကြောင်လေးနဲ့အတူ နေ့ရက်တွေကို ကုန်ဆုံးခဲ့တာဖြစ်တယ်။ စာရေးဆရာတစ်ယောက်ဆိုတော့ သူရတဲ့ ငွေတွေက သူနဲ့သူ့ကြောင်လေးအတွက် လုံလောက်တာထက်တောင် ပိုလျှံနေသေးတယ်။ သိပ်မကြာခင်တုန်းက သူ ကုန်ကြမ်းရှာဖို့အတွက် သူ့ကြောင်လေးနဲ့ ခရီးထွက်ဖြစ်သေးတယ်။ သူ့ရဲ့နေ့ရက်တွေက သိပ်ကိုလွတ်လပ်ပေါ့ပါးနေခဲ့တာပဲ။

   ဒီကမ္ဘာထဲ ဖိအားပေး ကူးပြောင်းလာရသော်လည်း သူ စာရေးတဲ့ siteဖြစ်သော Bujiangမှာ ဖတ်ထားဖူးတဲ့ ဇာတ်လိုက်ဖြစ်လာပြီး အလုပ်တာဝန်တွေကို ပြီးဆုံးအောင် လုပ်ဆောင်ရတဲ့ system ဝတ္ထုတွေလိုမျိုးနဲ့ မကြုံခဲ့ရပေ။ သူတို့မပြီးဆုံးရင် ဖျက်ဆီးခံရလိမ့်မယ်။ အခု ကုရန်ကတော့ ကောင်းကောင်းစား ကောင်းကောင်းနေ ကောင်းကောင်းအိပ် ကောင်းကောင်းဂရုစိုက်ခံနေရဆဲပင်---

   မူရင်းဇာတ်ကြောင်းထဲက ကမ္ဘာမြေပျက်သုန်းခြင်း မဖြစ်ဖို့ ဂရုပြုရမှာကလွဲရင် ကုရန်မှာ စိုးရိမ်စရာ ကြီးကြီးမားမားမရှိပေ။

   ကုရန် သူရေးသားခဲ့တဲ့ ဇာတ်‌ကြောင်းအတိုင်း ဖြတ်သန်းရမယ်။ Systemပြောပုံအရဆို သူ နောက်ကမ္ဘာကို သွားမယ်ဆိုရင် ဒီကမ္ဘာမှာ သေရမည်ဖြစ်တယ်။

   ဒါပေမဲ့ ကိုယ့်ဘာသာသတ်သေဖို့ကတော့ ကုရန် မလုပ်နိုင်ပေ။ သူ မလုပ်နိုင်မှတော့ ဒီခေတ်လွန်ကမ္ဘာက အတွေ့အကြုံများကို ကောင်းကောင်းပျော်ပါးဖို့ပဲ ရှ်ိတော့တယ်။

   ဒီ 3Dဂိမ်းက သောက်ရမ်းလန်းတာပဲ။

   ကုရန်ရဲ့ အတွေးတွေကို အတိုင်းသားကြားနေရတဲ့ Systemမှာ ဆိတ်ဆိတ်နေဖို့သာ ဆုံးဖြတ်လိုပ်တယ်။ ဒီ systemမှာ အရင်hostတွေ ရှိပေမဲ့လည်း ဒီhostလောက်.... ပျင်းရိနေတာမျိုး မတွေ့ခဲ့ဖူးပေ။
 
   တွက်ချက်ထားတဲ့ ဒေတာတွေအရတော့ ဒါက စိတ်စွမ်းရည်အားကောင်းတဲ့ လက္ခဏာတဲ့လေ...?

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now