Chp :: 46

3K 470 22
                                    

[Unicode]

ကုရန်တစ်ယောက် အိပ်ရာထက်သို့ သူ့တပည့်ရင်းရဲ့ ဖိချခြင်း ခံလိုက်ရပြီး သူ့လည်တိုင် အနမ်းခံ‌နေရတယ်။ သူ လုံးလုံးကြောင်အသွားပြီ။

သူ့လည်တိုင်ပေါ်က နွေးထွေးနူးညံ့တဲ့ အထိအတွေ့ကို လျစ်လျူမရှုနိုင်ပေ။ သူ နောက်ဆုံးတော့ သတိဝင်လာပြီး အလိုလို ရုန်းလိုက်ပေမဲ့ သူ့အပေါ်က လူက ချက်ချင်း မြဲမြဲမြံမြံ  ဖိချလာတယ်။

လည်တိုင်ကို နမ်းလိုက် ရံဖန်ရံခါ အားပိုစိုက်ကာ အမှတ်အသားတွေပါ ပြု‌နေတဲ့ ကောင်လေးက ခေါင်းမော့လာပြီး ကျဉ်းမြောင်းတဲ့ သူငယ်အိမ်တစ်စုံက သူ့မျက်နှာပေါ် အကြည့်ရောက်လာတယ်။

"ဒီတပည့်က ဆရာသခင်ကို လိုချင်တယ်" သူ့ဗီဇရဲ့ လွှမ်းမိုးမှုအောက်မှာ ကျင့်ကြံသူလေးကို အောက်မှာ ဖိထားတဲ့ ကောင်လေးက သူ့ဆန္ဒကို ရိုးသားပွင့်လင်းစွာ ဝန်ခံလာတယ်။

ကျန်းထန်သာ သတိရှိနေရင် ဒီလိုစကားမျိုးကို ထုတ်ပြောလာမှာ မဟုတ်ပေ။ ဒါပေမဲ့ သူ့ရဲ့အတွင်းစိတ်ဆန္ဒအားလုံးက ကျိုးဖြတ်ခြင်းအလယ်မှာ လုံးလုံးလျားလျား ပုံကြီးချဲ့ခံလိုက်ရပြီ....

သူ ဆရာသခင်ကို 'လို'ချင်တယ်လို့ ပြောခဲ့တယ်။ ဒါ သူ့နှလုံးသားအောက်ခြေမှာ သိမ်းဆည်းထားတဲ့ အနက်ရှိုင်းဆုံးနဲ့ အပြင်းပြဆုံး တပ်မက်လောဘစိတ်ပဲ။

ဒီလူသားလေးသာ လုံးဝ သူ့အပိုင် ဖြစ်လာရင်...

တပ်မက်လောဘစိတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ အောက်မှာ အဖိခံထားရတဲ့ ကျင့်ကြံသူလေးကို စိုက်ကြည့်နေတဲ့ ကျန်းထန်မျက်ဝန်းအစုံက မည်းမှောင်သထက် မည်းမှောင်လာတော့တယ်။ သူ ဒီဆန္ဒကို အလိုလို လက်သင့်ခံလိုက်တယ်။ ကျင့်ကြံသူလေးရဲ့ နှုတ်ခမ်းပါးနဲ့ သူ့နှုတ်ခမ်းကို ထိတွေ့စေလိုက်ပြီး ထပ်ခါထပ်ခါ နမ်းတယ်၊ ကိုက်တယ်.... ဖြူဖျော့ဖျော့နှုတ်ခမ်းကနေ နီရဲရဲဖြစ်လာသည်ထိ စုပ်နမ်းပစ်တယ်။

ဆန္ဒတရား။ သူ့ကိုနမ်းနေတဲ့ တပည့်ဆီမှ ရှောင်ဖယ်နေရင်း ကုရန်တစ်ယောက် တစ်နှစ်ပြီးတစ်နှစ် ရင့်ကျက်လာသည့် ချောမောခံ့ညားတဲ့ မျက်နှာနဲ့ သူ့အ‌ပေါ် တပ်မက်တဲ့ဆန္ဒတွေ ပြည့်နှက်‌နေတဲ့ ဒေါင်လိုက်သူငယ်အိမ်တစ်စုံကို ‌စိုက်ကြည့်နေမိတယ်။ ဒီအချိန်မှာ ကုရန် နားလည်သွားပြီ... ဒီကောင်လေး အရွယ်ရောက်သွားပြီ။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now