Chp :: 14

6.1K 1K 36
                                    

[Unicode] 

   ခန္ဓာကိုယ်နှစ်ခုက အလွန်ကို ပူးကပ်ယှက်နွယ်နေတာကြောင့် ကုရန် တစ်ဖက်လူရဲ့ တစ်နေရာက ပြောင်းလဲမှုများကို လွယ်လွယ်လေးခံစားမိနေတယ်။

   ယောက်ျားတိုင်းနားလည်တဲ့ အခြေအနေမှာ ကုရန် တစ်ကိုယ်လုံး တောင့်တင်းသွားရတယ်။ ဘာပဲဖြစ်ဖြစ် သူ ပြင်းပြင်းထန်ထန် မရုန်းရဲတော့ပေ။

   "ကိုယ်လည်း....အားရန်ကို နှစ်သက်တယ်။ " သူ့အောက်မှာ အဖိခံထားရတဲ့ ကောင်လေးကို ငုံ့ကြည့်ရင်း ဟေးဒီစ်ကြီးရဲ့ အေးတိအေးစက်အသံက ဖွင့်ဟထွက်လာတော့တယ်။

   ခပ်ဖျော့ဖျော့ မျက်ဝန်းတစ်စုံက ပိုင်ဆိုင်လိုတဲ့ အရိပ်အယောင်များ ပြည့်နှက်နေတဲ့ ဆန္ဒတရားများနဲ့ ဆံနက်ကောင်လေးကို ငေးစိုက်ကြည့်နေတော့တယ်။

   ဒီလူသားလေးက.....

   သူ့အပိုင်ပဲ။

   မင်း ကမ္ဘာကြီးရဲ့ ဖွဲ့စည်းမှုစနစ်ကို ပြောင်းလဲနိုင်ရင် ဒီလူသားလေးက သူ့လူဖြစ်လာလိမ့်မယ်။

   ဒီစာကြောင်းက  အင်ပါယာ ခုနစ်ဆက်မြောက် commander ဟေးဒီစ်ကြီးကို သိပ်ကို ကျေနပ်အားရစေတယ်။ သူ့ရဲ့ သူငယ်အိမ်တွေ ပိုလို့တောင် ကျဉ်းမြောင်းသွားပြီး မျက်ဝန်းထဲက အေးစက်မှုတွေလည်း နူးညံ့ပျော့ပျောင်းလာခဲ့တယ်။

   ဒီစကြ၀ဠာကြီးက အစာကွင်းဆက်ဖွဲ့စည်းမှုမှာ ထိပ်တန်း မျိုးနွယ်စုဝင်တစ်ယောက်‌အနေနဲ့ အခြားမျိုးနွယ်စုတွေကို ကြည့်တဲ့အကြည့်များက အမဲလိုက်မုဆိုးက သူ့ရဲ့သားကောင်ကို ကြည့်တဲ့အကြည့်အတိုင်း တစ်ထေရာတည်းပင်။ 

   သို့သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ဒီအားနည်းထိခိုက်လွယ်တဲ့ လူသားလေးအပေါ် ဖော်ပြမရနိုင်တဲ့ မြတ်နိုးတွယ်တာခြင်းကို ခံစားနေရတယ်.....

   ဒီလူသားလေး သူ့ကို ကြောက်လန့်မနေစေချင်ပေ, ဒါကြောင့် အရွယ်ရောက် ဟေးဒီစ်ကြီးက ဒီလူသားလေးရှေ့မှာဆို နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းတဲ့ အသွင်ပြင်ကို တမင်တကာ ထိန်းသိမ်းလေ့ရှ်ိတယ်။

    လည်းပဲ?? ကုရန် ဒီစကားလုံးကိုသာ ကြားလိုက်ရပြီး တုန့်ပြန်ချိန်တောင် မရလိုက်ဘဲ သူ့ရဲ့နားသန်သီးလေး နောက်တစ်ဖန် နမ်းရှိုက်ခံလိုက်ရတော့ ကုရန် သတိလက်လွတ် တုန်ယင်သွားရတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now