Chp :: 22 [ Part 2 ]

5.1K 929 19
                                    

[Unicode]

ကုရန်တစ်ယောက် အတော်လေးကို သက်တောင့်သက်သာ လဲလျောင်းနေပြီး အိပ်ချင်မူးတူး ဖြစ်နေချိန်မှာ...... သူ့နားထဲ ညင်သာစွာ တိုးဝင်လာတဲ့ ဟေးဒီစ်ကြီးရဲ့ အေးစက်စက် အသံကိုကြားတော့ ကုရန် တစ်ခဏလောက် အူကြောင်ကြောင် ဖြစ်နေပြီးမှ နားလည်သွားတော့တယ်။

အမှန်ပဲ...... သူက အခု ဟေးဒီစ်အင်ပါယာနိုင်ငံမှာ ရှိနေပြီး အခုချိန်မှာ သူ့ကို တရားမဝင် နေထိုင်နေတဲ့ တစ်နယ်တစ်ကျေးက လူလို့တောင် ‌မှတ်ယူနိုင်တယ်။

".... အင်း "

ဦးနှောက် နှေးကွေးနေတဲ့ ကုရန်တစ်ယောက် ဟေးဒီစ်ကြီးရဲ့ ရင်ခွင်ကို မှီထားရင်း အချိန်အနည်းငယ်ကြာမှ အိပ်ချင်မူးတူးနဲ့ ပြန်တုန့်ပြန်ပြောခဲ့တယ်။ သူ ပြန်ဖြေတဲ့အခါ သူ့အသံက အနည်းငယ် အက်ရှရှ ဖြစ်နေလေရဲ့။

အခုချိန်မှာ ရီဝေဝေ မျက်လုံးပိုင်ရှင် ကောင်လေးကို လွှမ်းမိုးနိုင်ဖို့ လွယ်ကူနေပုံပဲ။ Eli ခေါင်းငုံ့ကာ ကောင်လေးရဲ့ နားရွက်ဖျားဆီ သူ့နှုတ်ခမ်းပါးကို  ခပ်ဖွဖွ ဖိကပ်လိုက်ကာ တိုးတိုးညင်သာစွာ ပြောလိုက်တယ်။ "မပြန်ရဘူးနော်။ ဟေးဒီစ်အင်ပါယာမှာ ဂြိုဟ်ပြာဆီမှာ မရှိတဲ့ အရာတွေအများကြီး ရှိတယ်။"

"....အင်းပါ။"

ကုရန်တစ်ယောက် အေးတိအေးစက် အသံပိုင်ရှင် ပြောခဲ့တဲ့ အကြောင်းကို လုံးဝ မစဉ်းစားလိုက်မိပေ။ ကုရန် သူ့စိတ်ထဲ ထိုစကားအဓိပ္ပာယ်ကို မဖော်ရသေးဘဲ ခုနကလိုပဲ ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်တာ ဖြစ်တယ်။

သူ ကြားချင်တဲ့ အ‌ဖြေကို ကြားတဲ့အခါ အေးတိအေးစက် ချောမောလွန်းတဲ့ ငွေမျှင်ရောင် ဆံတိုပိုင်ရှင် commander ကြီးရဲ့ ဒေါင်လိုက် မျက်ဝန်းအိမ်တွေ ကျဉ်းမြောင်းလာပြီး နှလုံးခုန်းသံလည်း မြန်ဆန်လာခဲ့တယ်။ သူ ကောင်လေးရဲ့ နားသန်သီးလေးဆီ နှုတ်ခမ်းဖိကပ်ကာ တိုးတိုး ညင်သာသော အသံနဲ့ပဲ "အားရန်က ကိုယ့်ကို အနှစ်သက်ဆုံး"

ကုရန်က တစ်ဖက်လူ ပြောတဲ့ အရင်စာကြောင်းကိုပဲ တွေးတောနေတုန်း ရှိသေးကာ ပိုလို့တောင် အက်ရှသော အသံနဲ့ ပြန်ဖြေလိုက်တယ် "...အင်း"

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now