Chp :: 9

6.3K 1.1K 15
                                    

[Unicode]

သူ့ဘေးမှာ အမြဲရှိနေတဲ့ အရွယ်ရောက်ဟေးဒီစ်ကြီးက အတိတ်မေ့နေဆဲဖြစ်ပြီး အသစ်တစ်ဖန်မွေးဖွားလာကာ မသိနားမလည်လေးလို့တွေးပြီး ကုရန်တစ်ယောက် ဒီရက်ပိုင်းတွေမှာ ဟေးဒီစ်ကြီးရဲ့ နှစ်သက်မှုနှုန်း တိုးတက်အောင် အစွမ်းကုန် အားထုတ်တော့တယ်။ သူ ဒီဟေးဒီစ်ကြီးကို သူ့ကြောင်လေးလို့မှတ်ယူပြီး နေ့စဉ် နမ်းလိုက် ပွေ့ဖက်လိုက် ပေါင်ပေါ်တင်ပြီး အမွေးများကို ပွတ်သပ်ပေးလိုက်.......

ဒါပေါ့ အကျိုးဆက်တွေက သိပ်ကိုပြင်းထန်သွားပြီ။ ဒါပေမဲ့ အခုချိန်မှာတော့ မသိသာသေးပေ။

"Commander, အရှင့်တာဝန်များကို ပြန်လည်ဆောင်ရွက်ဖို့ အချိန်ကျပါပြီ။ " စစ်တန်းလျားထဲမှာ တစ်နေကုန် နေနေတဲ့ Evanက သူတို့ရဲ့ commanderကြီး အရိပ်ကို လိုက်ဖမ်းရင်း ရှုပ်ထွေးနေတဲ့ Class B စာရွက်စာတမ်းများကို ဖြေရှင်းပေးဖို့ သွားတောင်းဆိုတော့တယ်။

အမှန်ကတော့ Class B အဆင့်ရှိတဲ့ လျို့ဝှက် စာရွက်စာတမ်းများနဲ့ ထိုအောက်ဆင့်ကို လက်အောက်ငယ်သားတွေ ဖြေရှင်း‌လည်းရပါတယ်။ ဥပမာ- ကုမ္ပဏီအများစုက သိပ်အရေးမကြီးတဲ့ စာရွက်စာတမ်းတွေကို ‌ရာထူးနိမ့်ဝန်ထမ်းများကို တာဝန်ပေးလေ့ရှိတယ်။

ဒါပေမဲ့ သူတို့ရဲ့ commanderကြီးကတော့ အဲ့လိုမလုပ်.....?

အခြားတစ်ဖက်က ‌လက်အောက်ငယ်သားများက စည်းကမ်းတင်းကြပ်ပြီး အလုပ်ကြိုးစားတဲ့ commanderကြီးကြောင့် သူတို့ကို အတော်လေး မနာလိုဖြစ်နေကြတာလေ။ ဘာလို့ဆို ဒီဖက်က လက်အောက်ငယ်သားတွေက အားလပ်ချိန်ပိုရကြတယ်လေ။ ဒါပေမဲ့ အခုတော့.......

ကြီးကြပ်ရေးရုံးမှ စံအိမ်တော်ပိုင်ရှင်ကြီးဆီ ဦးတည်လျှောက်လာရင်း ခြံဝင်းထဲက ခမ်းနားထည်ဝါစွာ ရပ်နေတဲ့ ကျောက်ဆစ်ရေပန်းရုပ်ရှိရာ အနောက်ဘက်ကို Evan ဦးတည်လာခဲ့တယ်။ ထိုနေရာမှာ ဆံနက်ကောင်လေးက သစ်သားခုံပေါ်မှာ ထိုင်နေပြီး သူ့ဘေးက အိမ်မွေးကြောင်လေးလို အရွယ်ရောက်ဟေးဒီစ်ကြီးက ကောင်လေးရဲ့ ပေါင်ပေါ်ကို တက်ဖို့ ကြိုးစားနေတယ်။ အောင်မြင်သွားတော့ ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေး ခွေနေလေတယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now