Chp :: 50

2K 339 13
                                    

[Unicode]

သူ့ဆရာသခင်ကို ‌မပျော်မရွှင် ဖြစ်စေမယ့် အလုပ်မျိုး ဘာတစ်ခုမှ မလုပ်ဘူးလို့ သူ ကတိပေးထားပြီးပြီ။ အစတည်းက ကျန်းထန် ပို့လိုက်တဲ့ နတ်ဆိုးတွေက ကျင့်ကြံသူတွေအပေါ် ဖိအားပေးချင်ရုံသက်သက်။ နောက်ပိုင်း သူ ကျုံးရွှမ်ဂိုဏ်းကို ဖြေရှင်းတဲ့အခါမှာလည်း အပြစ်မရှိတဲ့ ကျင့်ကြံသူတပည့်တွေကို သက်ညှာပေးခဲ့တယ်။

"ကြည့်ရတာ ပဒုမ္မာကြာစိမ်းဗဟိုချက်က မင်းခန္ဓာကိုယ်ထဲမှာကိုး။" ကျန်းထန်အသံက အေးဆေးတည်ငြိမ်ပြီး ခံစားချက်မပါ။ သူ ဆုံးရှုံးခဲ့ရတဲ့ အထူးမီးတောက်လုံးလေးက ကျင့်ကြံသူတွေနဲ့ အဂ္ဂိရတ်ပညာရှင်တွေအပေါ် ကောင်းကျိုးအကြီးကြီး ရှိတယ်။ ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် သူတို့ခန္ဓာကိုယ်ကို သန့်စင်နိုင်သလို ကျင့်ကြံစဉ်ကိုလည်း တိုးစေနိုင်တယ်။ သူ့ရှေ့ ဒူးထောက်နေတဲ့ ဒီလူက အဲ့အထူးမီးတောက်ကို ခန္ဓာကိုယ်ထဲ ထည့်ပြီး ကျင့်ကြံနေတာ။

သူ့ဆရာသခင်အပိုင် ဖြစ်သင့်တာကို။

သူ့ရှေ့က လက် အနားရောက်လာတာနဲ့ လီရုန်ရဲ့ အံတင်းတင်းကြိတ်ထားတဲ့ သွားတွေက တဆတ်ဆတ် တုန်ယင်နေပြီး သူငယ်အိမ်ကလည်း ပြူးကျယ်သွားလေရဲ့။ သူ ခံစားနေရတဲ့ ဖိအားက သူ့ကို အသက်မရှုနိုင်၊ စကားများများ မဆိုနိုင်အောင် လုပ်နေတယ်။

အကြောက်တရား။

နတ်‌ဆိုး သူ့နား လာရောက်ကပ်တွယ်တဲ့အခါ သူ ငြင်းပယ်နိုင်စွမ်း မရှိတော့။ သူ့ဂိုဏ်းက အကြီးအကဲတွေကို နတ်‌‌ဆိုးတွေ ခြုံခိုတိုက်ခိုက်နိုင်အောင် သူကိုယ်တိုင် ကူညီပေးခဲ့တယ်။ ပြီးတော့ ယဲ့ယွမ်ကို သတ်တာ သူ ဖြစ်ကြောင်းတောင် ‌ဝန်ခံလိုက်သေးတယ်...

အခု သူ့ဂိုဏ်းက လူအားလုံး သူ့ကို သေချာပေါက် ကျိန်ဆဲနေကြမှာ တွေးကြည့်စရာတောင် မလိုဘူး။ သူ့ဂုဏ်သိက္ခာလည်း လုံးဝ ပျက်စီးသွားပြီ။

အနားရောက်လာတဲ့ လက်က သူ့ရင်ဘတ်ထဲ ထိုးဖောက်လာတယ်၊ အရိုးကျိုးတာထက် အဆတစ်ရာမက ပိုပြင်းတဲ့ နာကျင်မှုက လီရုန် မေ့လဲသွားမတတ် ဖြစ်စေတယ်။ ဒါပေမဲ့ ကျင့်ကြံသူတစ်ဦးရဲ့ ခန္ဓာကိုယ်က တအားကြံ့ခိုင်တာမို့ သတိမမေ့သွား။ အဲ့အစား အရိုးတွေ ကျိုးကြေသွားတဲ့ နာကျင်မှုကို သူ ခံစားရတော့တယ်။

ငါ့ကို သတ်မယ့်သူတွေက ငါလေးကို ကြွေသွားတယ်တဲ့(ဘာသာပြန်) Where stories live. Discover now